ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် လူကိုးဦးလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီးပျက်ကျ

ဂျပန်နိုင်ငံ ရှိ ရဟတ်ယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    တိုကျို၊ မတ် ၅ ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ အလယ်ပိုင်း ရှိ နာဂါနိုစီရင်စု တွင် မတ်လ ၅ရက် မွန်းလွဲပိုင်းက လူ၉ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်အား ဒေသတွင်းအစိုးရက ပိုင်ဆိုင်ခြင်းဖြစ်ပြီး မတော်တဆဖြစ်ပွားချိန်၌ တောင်ပေါ်ကယ်ဆယ်ရေးလေ့ကျင့်ခန်းတစ်ခုတွင် ပါဝင်လေ့ကျင့်နေခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ပါဝင်လာသည့် လူ၉ဦးမှာ လေယာဉ်မှူးတစ်ဦး၊ မီးသတ်သမား ၇ဦး နှင့် စက်ပြင်ဆရာတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ဒဏ်ရာအခြေအနေအား ရှင်းလင်းစွာ သိရှိခြင်းမရှိသေးကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် လူကိုးဦးလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီးပျက်ကျ ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် လူကိုးဦးလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီးပျက်ကျ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.