ရန်ကုန် - စစ်တွေ အောင်ပြည့်စုံခရီးသည်တင်ယာဉ်တစ်စီး ၀ါယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား တစ်ဦးသေဆုံး
![]() |
ခရီးသည်တင်ယာဉ်တစ်စီး ၀ါယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား တစ်ဦးသေဆုံး |
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ၊ ကဇုကိုင်းကျေးရွာအုပ်စု ၊ အုန်းတည်ချောင်းကျေးရွာ အနီး၊ အမ်း - စစ်တွေကားလမ်း ၊ မိုင်တိုင်အမှတ် (၂၅/၀)မိုင်၊ ခမမပည (ES-879982)နေရာတွင် ရန်ကုန် မှ စစ်တွေ သို့ ယာဉ်မောင်း ဦးကောင်းဆက်နိုင် ( နေရပ်စုံစမ်းဆဲ) ၊ မောင်းနှင်လာသော (အောင်ပြည်စုံ) ခရီးသည်တင်ယာဉ် ၊ယာဉ် အမှတ် 4A/ 6971 သည် မတ် လ ၂ ရက် ၊ နံနက် ၆ နာရီ ၂၀ မိနစ် အချိန် က ၀ါယာကြိုး ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ ခရီးသည် ကျား (၁၃)ဦး ၊ မ ( ၅ )ဦး ၊ ပေါင်း ( ၁၈ ) ဦး အနက်မှ ယာဉ်ပေါ် မှ ဆင်းပြေးစဉ် ကျား ( ၃) ဦး ၊ မ ( ၁)ဦး မှာ မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မအေးအေးသန်း ( ဘ ) ဦးသိန်းမောင်၊ ဒါးပိတ်ကျေးရွာ၊ ပုဏ္ဏားကျွန်း မြို့နယ် နေသူမှာ ယာဉ်ပေါ် ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မီးလောင်ကျွမ်းမှုအား မြိုနယ်အထွေထေအုပ်ရေးဦးစီးဌာန အဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး အောင်စိုးနှင့်အဖွဲ့ ၊ မြို့နယ် မီးသတ် ဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးမိုးဝင်းထွန်း ဦးစီးသောအဖွဲ့ နှင့် ကဇုကိုင်းကျေး ရွာ အုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့တို့ က မီးသတ်ယာဉ် (၁ ) စီးဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၅မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ၊မီးလောင်ဒဏ်ရာ ရရှိသူများ အား ကဇုကိုင်း ကျေးလက် ကျန်းမာရေးဌာနတွင် ဆေးကုသပေးလျက်ရှိကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ယာဉ်မောင်း ကောင်းဆက်နိုင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် ( ပြန်/ဆက်)
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန် - စစ်တွေ အောင်ပြည့်စုံခရီးသည်တင်ယာဉ်တစ်စီး ၀ါယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွား တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:02
Rating:
