ကွာရှင်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်သို့ ရောက်ရှိလာသည့် လင်မယား ဓားထိုးမှုဖြစ်ပွား


တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လင်မယားချင်း ကွာရှင်း လက်မှတ်ရေးထိုးရန် အတွက် ရောက်ရှိလာရာမှ လင်ယောက်ျားဖြစ်သူက ၎င်း၏ ဇနီးအား ဓားဖြင့် ထိုးလိုက်၍ တာလေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မတ်လ (၂၁)ရက်နေ့ နေ့လယ်ပိုင်းအချိန်က တာချီလိတ်မြို့နယ်၊ တာလေမြို့၊ ရပ်ကွက်(၄)၊ ရှဲန်ပိုင်း အိမ်ဆောက်ပစ္စည်းဆိုင် အနီးရှိ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီ၏ နေအိမ်သို့ လုတောင်းမိုင်ရွာတွင် နေထိုင်သူ ဦးမင်းစိုး နှင့် ဒေါ်မီဖာတို့သည် လင်မယားချင်း ကွာရှင်းပြတ်စဲရန် အတွက် ရောက်ရှိလာရာ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီ၏ ပြောဆို ဆုံးမမှုကို လိုက်နာခဲ့ပြီး ဖြစ်သော်လည်း ဒေါ်မီဖာ၏ ခင်ပွန်းဖြစ်သူမှာ အသင့်ပါလာသည့် ဓားဖြင့် ထိုးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"အဆင်ပြေအောင်လို့ ညှိနှိုင်းပေးတာမရတော့ ကွာရှင်းမယ်ဆိုတော့လည်း မှတ်ပုံတင်လိုတယ်လို့ ပြောလိုက်တော့ မှတ်ပုံတင် အိမ်ပြန်ယူတယ်၊ မှတ်ပုံတင်ယူလာပြီး ကျွန်တော်တို့ကို ပေးတယ်။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ သူ့မိန်းမကို ကျွန်တော်တို့ ရှေ့တင်မှာပဲ ဓားနဲ့ထိုးလိုက်တယ်၊"ဟု ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီက တာချီလိတ်သတင်းအေဂျင်စီကို ပြောပြသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ရောက်ရှိစဉ်မှာ လင်မယားအချင်းချင်း စကားများခြင်း မရှိဘဲ ဓားဖြင့် ရုတ်တရက် နှစ်ချက်ထိုးလိုက်သည့် အတွက် ပထမတစ်ချက်မှာ ခေါက်ဓားဖြစ်၍ ဒဏ်ရာ မရရှိသော်လည်း ဒုတိယ တစ်ချက်တွင် ဒဏ်ရာရရှိသွား၍ တာလေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူ နေရကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာလေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net
ကွာရှင်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်သို့ ရောက်ရှိလာသည့် လင်မယား ဓားထိုးမှုဖြစ်ပွား  ကွာရှင်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်သို့ ရောက်ရှိလာသည့် လင်မယား ဓားထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.