![]() |
(လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူများကို တွေ့ရစဉ်) ဓာတ်ပုံ - State Counsellor Office Information Committee |
မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် စာဖြေဌာနကိုလည်း တပ်မတော်အစီအစဉ်နဲ့ပဲ ခန်းမတစ်ခုမှာစုစည်းပြီး လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း ဒေါက်တာခိုင်မြဲကပြောပါတယ်။ လောက်ကိုင်မြို့မှာ ဒီကနေ့မနက် (၂)နာရီခန့်ကတိုက်ပွဲတွေဖြစ်ပွား ခဲ့တာကြောင့် အဆောက်အဦးတချို့ ပျက်စီးခဲ့ပြီး မူလတန်းပြဆရာမတစ်ဦး အပါအ၀င်ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ဆရာမ မိသားစုအတွက် ပညာရေးဝန်ကြီးဌာနကကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးမယ့်အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာဆရာ ၊ ဆရာမများအဖွဲ့ချုပ် ကလည်းထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
လောက်ကိုင်က တာဝန်ကျ ဆရာ ၊ ဆရာမတွေရဲ့ လုံခြုံရေးကို တပ်မတော်က စီစဉ်ပေးနေ
Reviewed by THITHTOOLWIN
on
06:30
Rating:
