မိုဆူးလ်မြို့တွင်းရှိ အစိုးရအဆောက်အအုံနှင့် ပြတိုက်တို့ကို အီရတ်အစိုးရ တပ်ဖွဲ့များက ပြန်လည်သိမ်းယူရရှိ
မိုဆူးလ် မတ် ၇
လွန်ခဲ့သည့်သုံးနှစ်ခန့်က အိုင်အက်စ်စစ်သွေးကြွများ၏လက်ချက်ဖြင့် ရှေးဟောင်းရုပ်တုများနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လက်ရာပစ္စည်းများ ပျက်စီးမှုဖြစ်ပေါ် ခဲ့ရသော မိုဆူးလ်မြို့ အနောက်ပိုင်းဒေသရှိ အစိုးရအဖွဲ့ရုံး၊ ဗဟိုဘဏ်ရုံးနှင့် ပြတိုက်တို့ကို အီရတ်အစိုးရတပ်ဖွဲ့များက မတ် ၇ ရက်တွင် ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။
မိုဆူးလ်မြို့တွင်းရှိ အီရတ်အစိုးရပိုင်အဆောက် အအုံများသည် အိုင်အက်စ် စစ်သွေးကြွများ၏ဖျက်ဆီးမှုကြောင့် အသုံးပြုနိုင်သည့် အခြေအနေတွင် မရှိတော့ သော်လည်း ၎င်းတို့၏ နောက်ဆုံးအခြေစိုက်စခန်းကို ပြန်လည်သိမ်းယူနိုင်သည့် အောင်ပွဲအထိမ်းအမှတ် သင်္ကေတဖြစ်သည်ဆို၏။
အီရတ်လျှပ်တစ်ပြက်တိုက်ခိုက်ရေး လက်ရွေးစင် တပ်ဖွဲ့ဝင်များသည် မိုဆူးလ်မြို့တွင်းရှိ အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံနှင့် အခြားသော အစိုးရအဆောက် အအုံများကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒယ် အေမီ အယ်လ်အိုဟာမက် ဒါဝီက ပြောကြားသည်။
အီရတ်အစိုးရတပ်ဖွဲ့သည် အိုင်အက်စ်အဖွဲ့က တရားစီရင်ရေးဌာနအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံတစ်ခုကိုလည်း သိမ်းယူခဲ့သည်။ ယင်းအဆောက် အအုံသည် ရာဇဝတ်အပြစ်သားများအား ကျောက်ခဲများ ဖြင့် ပစ်ပေါက်ကာပြစ်ဒဏ်ပေးခြင်း၊ အဆောက်အအုံ၏ခေါင်မိုးမှ လွှင့်ပစ်ခြင်းနှင့် လက်များအား ဖြတ်ပစ်သော ပြစ်ဒဏ်ပေးခြင်းစသော ပြင်းထန်သည့်ပြစ် ဒဏ်စီရင်ချက်များ ချမှတ်ရာနေရာအဖြစ် လူသိများထင်ရှားသော အဆောက် အအုံဖြစ်သည်။
ရိုက်တာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုဆူးလ်မြို့တွင်းရှိ အစိုးရအဆောက်အအုံနှင့် ပြတိုက်တို့ကို အီရတ်အစိုးရ တပ်ဖွဲ့များက ပြန်လည်သိမ်းယူရရှိ
Reviewed by THITHTOOLWIN
on
11:24
Rating:
