ကျောက်ဆည်မှာ အထပ်သား စက်ရုံ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြ

အလုပ်သမားတွေတောင်းဆိုထားတဲ့ တောင်းဆိုချက်များကို တွေ့ရစဉ်
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်က ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှာ အလုပ်ချိန်လျှော့ပေးဖို့၊ လုပ်အားခကိုအရင်အတိုင်းပေးဖို့နဲ့ အခြားခံစား ခွင့်တွေပေးဖို့ အလုပ်သမား ၆၀ ကျော်လောက် ဒီနေ့ သပိတ်မှောက်ဆန္ဒပြနေကြပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၂ ထောင်ကျော်က တနေ့ကို ၈ နာရီနှစ်ဆိုင်းစက်ရုံကိုလည်ပတ်ထားပြီး၊ အလုပ်သမားတယောက်က တပတ်ကို ၆ ရက်လုပ်ရတဲ့အပြင် တနင်္ဂနွေနေ့မှာလဲ အချိန်ပိုအလုပ် ဆင်းပေးရတဲ့အတွက် နားရက်ပုံမှန်မရဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုဌေးကိုကိုမောင်က RFA ကိုပြောပါတယ်။

ဒါကြောင့် တပတ်ကို အလုပ်ချိန် ၆ ရက်အတွက် ၄၈ နာရီအစား ၄၄ နာရီလုပ်ခွင့်ရဖို့၊ တနင်္ဂနွေအချိန် ပိုကို အလုပ်သမားရဲ့ဆန္ဒအတိုင်းသာ လုပ်ခိုင်းဖို့အချက်တွေ အပါအဝင် စုစုပေါင်းတောင်းဆိုချက် (၁၀) ချက်တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမားသပိတ်စုစုပေါင်း ၅ ကြိမ်ရှိနေပြီလို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောက်ဆည်မှာ အထပ်သား စက်ရုံ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြ ကျောက်ဆည်မှာ အထပ်သား စက်ရုံ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြ Reviewed by THITHTOOLWIN on 12:41 Rating: 5
Powered by Blogger.