![]() |
မြန်မာ လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်း ။ ဓာတ်ပုံ မူပိုင် Tun Tun Min facebook |
ထွန်းထွန်းမင်းနဲ့ တူးတူးတို့လို မြန်မာ့လက်ဝှေ့ ရွှေခါးပတ်ဆုရှင်တွေက နိုင်ငံတကာက ပြိုင်ဖက်တွေနဲ့ ထိုးသတ်ခဲ့ပါတယ်။
ထွန်းထွန်းမင်းက အင်္ဂလန်က နစ်ကိုလပ်ကာတာကို ပထမ အချီမှာ နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ ရိုးရာ လက်ဝှေ့ စည်းမျဉ်း အရ ထိုးချီ တချီ အတွင်းမှာ အမှတ်စဉ် ရေတွက်မှု သုံးကြိမ် ရေတွက် ခံရရင် အရှုံး ဖြစ်ပြီး အဲဒီ အတွက် ထွန်းထွန်းမင်းက ပြိုင်ဖက်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ အရင်ပွဲမှာ ဒူးဒါဏ်ရာ ရထားခဲ့တာ ဖြစ်ပေမယ့် အခုပွဲမှာတော့ ဘီလူးစီးသလို ထိုးသတ်နိုင်ခဲ့တယ်လို့ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ် အမှုဆောင် ဦးစိုင်းဇော်ဇော် က ပြောပါတယ်။
တူးတူးကတော့ သြစတြေးလျက အက်ဒီဖာရယ်တို့နဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။
သူတို့လည်း ငါးချီ အပြည့်ထိုးခဲ့တာ ဖြစ်ပြီး ဒိုင်လူကြီး သုံးယောက်ရဲ့ အဆုံးအဖြတ် အရ အမှတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဖိုးသော် ကတော့ ပထမ အချီမှာ နိုင်ခဲ့တာ ဖြစ်ပြီး သူရဲ့ ခေါင်းရိုက် သတ်ကွက်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ကျားပေါက် ဟာ ပထမ အချီမှာ အနိုင်ရခဲ့ပြီး တမိန်နဲ့ သုံးရှစ် စက္ကန့် အကြာ ထိုးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ လက်ဝှေ့ သမားတွေဟာ အခုလို မြန်မာ လက်ဝှေ့သမားတွေနဲ့ လာရောက် ယှဉ်ပြိုင်ရတာကို ဂုဏ်ယူကြတယ်လို့ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ် အမှုဆောင် အရာရှိက ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြန်မာ့ လက်ဝှေ့သမားတွေ နိုင်ငံတကာ ပြိုင်ဖက်ကို အနိုင်ရ
Reviewed by THITHTOOLWIN
on
12:39
Rating:
