သိန်းနီ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ကျောက်စိမ်းများ ဖမ်းဆီးရမိ


သိန်းနီ မတ် ၎

သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မတ် ၃ ရက်က ကျောက်စိမ်းများ သယ်ဆောင်လာကြောင်း သတင်းအရ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဝင်များသည် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့်ယာဉ်ကို တားဆီးရာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ယင်းယာဉ်အား လိုက်လံဖမ်းဆီးရာ ရေပူစခန်းအကျော် နှစ်မိုင်ခန့်အကွာ လမ်းညာဘက်ပန်စုံရွာအတွင်း ဝင်ရောက် မောင်းနှင်၍ ယာဉ်အား ထားရှိကာ ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

၎င်းယာဉ်အား ရေပူစခန်းအတွင်း ပြန်လည်မောင်းနှင်ခဲ့ပြီး အသေးစိတ် ရှာဖွေရာ ဆီတိုင်ကီအတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်းများ တွေ့ရှိခဲ့ပြီး ယင်းကျောက်စိမ်းများအား အသေးစိတ်စစ်ဆေး၍ လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်လှ(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သိန်းနီ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ကျောက်စိမ်းများ ဖမ်းဆီးရမိ သိန်းနီ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ကျောက်စိမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.