မြ၀တီမြို့တွင် အသက်(၁၂)အရွယ် အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရ

မြ၀တီမြို့တွင် အသက်(၁၂)အရွယ် အမျိုးသမီးငယ်အား သားမယားအဖြစ် ပြုကျင့်ခံရသည့် သက်ငယ်မုဒိမ်းမှုဖြစ်ပွား
မြ၀တီ မတ် ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာတွင် မိခင်နှင့်အတူနေထိုင်သော အသက်(၁၂)နှစ် အရွယ် အမျိုးသမီးငယ်အား မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ(၁)လမ်းနေ အဒေါ်ဖြစ်သူမှ အလည်လာခေါ်၍ ထည့်လိုက်ရာ အဒေါ်ဖြစ်သူနေအိမ် အရောက် ညပိုင်းတွင် ၁၂နှစ်အရွယ် မ××××မှာ အိမ်ချင်းကပ်လျှက် ခေါင်းရင်းဘက်ရှိ ထွန်းထွန်းနိုင်၏ နေအိမ်၌ အိပ်ပျော်နေစဉ် သားမယားအဖြစ် ပြုကျင့်ခြင်း ခံခဲ့ရသည်။

ဖြစ်စဉ်မှာ ၂၄-၃-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဒေါ်ဝင်းချေ၊ ၃၈နှစ်၊(ဘ)ဦးရင်သိန်းမောင်၊ ခစတ(၁၀၂၂)တပ်ဝန်း၊ အတွင်းမဲကနယ်ကျေးရွာ၊ မြ၀တီမြို့နယ်နေသူမှ ခင်ပွန်းဖြစ်သူ၏ညီမ(ယောင်းမ)တော်စပ်သူ မဌေးဌေးဝင်း၊ ၃၀နှစ်၊(ဘ)ဦးကိုကိုကြီး အား ဖုန်းဖြင့်ဆက်သွယ်၍ သမီးဖြစ်သူ မ××××၊၁၂နှစ်အား အလည်ခေါ်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ယောင်းမဖြစ်သူ မဌေးဌေးဝင်းမှ ၎င်း၏သားဖြစ်သူ ပိုင်ပိုင်နှင့်အတူ ဆိုင်ကယ် ကယ်ရီဖြင့် လာရောက်ခေါ်ဆောင်သ၍ မ×××၊၁၂နှစ်အား ထည့်ပေးလိုက်ကြောင်း၊ ၂၅-၃-၂၀၁၇ ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့် တွင် သမီးဖြစ်သူမှာ ဆိုင်ကယ်ကယ်ရီဖြင့် တစ်ဦးတည်းပြန်လည်ရောက်ရှိလာပြီး မျက်နှာမကောင်း၍ မေးကြည့်ရာ မ×××မှာ အဒေါ်ဖြစ်သူနေအိမ်သို့ အလည်လိုက်သွားစဉ် ၂၄-၃-၂၀၁၇ ရက်နေ့ ညတွင် အဒေါ်ဖြစ်သူ၏ နေအိမ်ခေါင်းရင်းဘက်ရှိ ထွန်းထွန်းနိုင်၏ နေအိမ်၌ အိပ်နေခဲ့စဉ် ၂၅-၃-၂၀၁၇ ရက်နေ့ နံနက် (၃)နာရီခွဲ အချိန်ခန့်တွင် ထွန်းထွန်းနိုင်မှ သမီးဖြစ်သူ မ×××အား သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရ၍ ဒေါ်ဝင်းချေမှ တရားလိုပြုလုပ်ကာ ၂၅-၃-၂၀၁၇ ရက်နေ့ ည ၉နာရီ မိနစ် ၂၀ အချိန်မြ၀တီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် မြ၀တီမြို့မရဲစခန်း၏ အမှုကြီးအမှတ်စဉ် (၉/၂၀၁၇)၊(ပ)၂၆၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ပြီး အမှုအား မြ၀တီမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကိုကိုနိုင်မှ စစ်ဆေးပြီး အမှုစစ်မှ ၂၅-၃-၂၀၁၇ ရက်နေ့ ည(၉)နာရီ၊ (၃၅)မိနစ်အချိန်တွင် အစွပ်စွဲခံရသူ ထွန်းထွန်းနိုင်အား အမှုဖြင့် ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
မြ၀တီမြို့တွင် အသက်(၁၂)အရွယ် အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရ မြ၀တီမြို့တွင် အသက်(၁၂)အရွယ် အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရ Reviewed by THITHTOOLWIN on 06:37 Rating: 5
Powered by Blogger.