က​လေးငယ်​၂ဦးကိုတိုက်​မိပြီး ထွက်​​ပြေးသူ ဆိုင်​ကယ်​သမားကို ဖမ်းမိပြီ


က​လေး၊မတ်​ ၂၅။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊က​လေးမြို့၊မြို့သာရပ်​ကွက်​၊က​လေး-ဂန့်​​ဂေါ်ကားလမ်း​ပေါ်တွင်​ ဆိုင်​ကယ်​စီးလာသည့်​က​လေးငယ်​၂ဦး ဆိုင်​ကယ်​ချင်းတိုက်​မှု၌​ တိုက်​မိပြီးထွက်​​ပြေးတိမ်း​ရှောင်​သွားသည့်​Rayအမျိုးအစား ဆိုင်​ကယ်​အညို​ရောင်​နှင့်​အမျိုးသားကိုဖမ်းမိပြီဖြစ်​​ကြောင်း က​လေးမြို့မရဲစခန်းမှသိရသည်​။

မတ်​လ၁၃ရက်​​နေ့ကဖြစ်​ပွားခဲ့တဲ့၎င်းယာဉ်​တိုက်​မှုတွင်​ ရဲတပ်​ဖွဲ့ရဲ့စုံစမ်း​ဖော်​ထုတ်​ချက်​အရ မတ်​လ၁၉ရက်​​နေ့၊ည​နေ၃နာရီ၅၀မိနစ်​ချိန်​ခန့်​ကမိခဲ့​ကြောင်းသိရသည်​၊ထွက်ပြေးတိမ်ရှောင်ခဲ့သူကို ကလေးမြို့ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး ၆ ရက်အတွင်း ဖမ်းဆီးဖော်ထုတ်ခဲ့တာ ဖြစ်သည်​။

ဆိုင်​ကယ်​ချင်းတိုက်​မိပြီးထွက်​​ပြေးတိမ်း​ရှောင်​သွားသူမှာ ​ဇော်​မြင့်​ (ခ) ဖိုး​ဇော်​ ၄၆နှစ်​ ​မော်​လိုက်​မြို့နေထိုင်​သူဖြစ်​ပြီး၊ က​လေးမြို့ ​သို့ဖောကားပြင်​ရင်း၊အသိမိတ်​​ဆွေဆိုင်​ကယ်​ဖြင့်​သွားလာစဉ်​ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့ခြင်းဖြစ်​သည်​။
" အဲ့ဒီနေ့က ဆိုင်ကယ်တိုက်ပြီးခြင်း ကျွန်တော်တို့အနေနဲ့အခင်းဖြစ်​တဲ့နေရာကို သွားတယ်၊တိုက်သွားပြီး မောင်းပြေးတဲ့ ဆိုင်ကယ် အပိုင်းအစလေးရတယ်၊အဲ့ဒါပြီး ပတ်ဝန်းကျင်မှာ စုံစမ်းရင်း ဆိုင်ကယ်ရှိတဲ့ အိမ်ကိုတွေ့တယ်၊ တိုက်မိတဲ့သူက ဆိုင်ကယ်ပိုင်ရှင်မဟုတ်ဘူး၊ သူများဆိုင်ကယ်ငှါးစီးလာတာ၊ ဒီလူကို ဖော်နိုင်တာကလဲ ပတ်ဝန်းကျင်လူထု ကြောင့်ပါ၊အဲ့ဒီကပဲ သတင်းတွေ ရခဲ့တာ" လို့ ကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောသည်​။

ယာဉ်​တိုက်​မှု​ကြောင့်​သေဆုံးသွားခဲ့တဲ့ ကလေးနှစ်ဦးဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ် အရွယ်တွေဖြစ်ပြီး သေဆုံးခဲ့တဲ့ မတ်​လ၁၃ရက်​၊မနက်​အချိန်​က မိသားစုနဲ့ ဆက်စပ်သူ မပေါ်ခဲ့ပဲ ညနေ ၅ နာရီ ကျော်မှ သာစည်​​ကျေးရွာ​နေ မိသားစုများကသိရှိခဲ့ကြသည်​။

အသိမိတ်​​ဆွေအိမ်​မှ​​ရဲစခန်းသို့​ခေါ်​ဆောင်​ပြီးစစ်​​ဆေး​မေးမြန်း၍​၄င်းကိုယ်​တိုင်​ဝန်​ခံခဲ့​ကြောင်း က​လေးမြို့မရဲစခန်းမှသိရသည်​။

၎င်းယာဉ်​တိုက်​မှုမှထွက်​​ပြေးတိမ်း​ရှောင်​သူအား ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က ဖြင့်​အမှုဖွင့်​အ​ရေးယူ​စစ်​​ဆေး​ဆောင်​ရွက်​​နေ​ကြောင်းသိရသည်​။

စည်​သူထွန်း
ဓာတ်​ပုံ-ဖိုးခိုင်
Central News Myanmar
https://www.facebook.com/CNMyanmar/
က​လေးငယ်​၂ဦးကိုတိုက်​မိပြီး ထွက်​​ပြေးသူ ဆိုင်​ကယ်​သမားကို ဖမ်းမိပြီ က​လေးငယ်​၂ဦးကိုတိုက်​မိပြီး ထွက်​​ပြေးသူ ဆိုင်​ကယ်​သမားကို ဖမ်းမိပြီ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.