မြောင်းမြမြို့နယ်တွင် လူ ၆၀၀ ကျော် အစာအဆိပ်သင့်


အရေးပေါ် အခြေအနေပါ၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ရေငန်းအုပ်စု၊ စက်ကုန်းကျေးရွာမှာ မတ်လ ၂၃ရက်နေ့ ညက  အလှူထမင်းကျွေးရာမှ လူ ၆၀၀ ကျော် အစာအဆိပ်သင့်သည်ဟု သိရပါတယ်။ မြောင်းမြမြို့ပေါ်ရှိ လူနာတင်ကားတွေ၊ မီးသတ်ကား တွေအပြင် အနီးအနားရှိ မြို့မှ ကားတွေပါ ဆင်းကူနေကြရပါတယ်။


 မြောင်းမြဆေးရုံ တခုလုံး လူနာ​တွေပြည့်​ကြပ်​​နေလို့ ရဲ​တွေ အ​စောင့်​​တွေနဲ့ထိန်း​နေရပါတယ်​ရှင်​... ကုတင်​​တွေ ခုံ​တွေမ​လောက်​လို့ အနီးအနားအိမ်​များမှပါ အကူ​ပေး​နေရတယ်​လို့ သိရပါတယ်​။ ကြက်​​ခြေနီ​တွေ ​ဆေးတတ်​ကျွမ်းသူ​တွေလဲ အကုန်​ဝိုင်းကူ​နေကြပါတယ်​။ အချိန်​မီ ​ကုသမှုရကြပါမှ အသက်ကယ်လို့ရကြမှာပါရှင်...သွေးများလိုအပ်ပါကလည်း ကူညီပေးကြဖို့ ကြိုတင် အသိပေး အလှုခံပါရစေရှင်...လို့ မသင်းရွှေစင်လှိုင် (FB) မှာ ရေးသားထားပါသည်။

by သစ်ထူးလွင်

မြောင်းမြမြို့နယ်တွင် လူ ၆၀၀ ကျော် အစာအဆိပ်သင့်  မြောင်းမြမြို့နယ်တွင် လူ ၆၀၀ ကျော် အစာအဆိပ်သင့် Reviewed by THITHTOOLWIN on 23:21 Rating: 5
Powered by Blogger.