ရေချိုချောင်းအတွင်း မိကျောင်းတစ်ကောင် အရှင်ဖမ်းမိ


ကော့သောင်းခရိုင် ကရသူရိမြို့ ကော့ဗမာကျေးရွာ ကျောက်ကြီးချောင်းအတွင်း ကုန်းပေါ်တက်လာသည့် မိကျောင်းတစ်ကောင်အား ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခန့်က ဆီအုန်းစိုက်ပျိုးရေးလုပ်သားများ ဝိုင်းဝန်း၍အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးချောင်းသည် ရေချိုရေငန်စပ်ချောင်းတစ်ခုဖြစ်ပြီး မိကျောင်းများ ပေါက်ပွားလေ့ရှိကြောင်း၊ ယခုဖမ်းဆီးရမိသည့် မိကျောင်းသည် အရှည် ၁၂ ပေ၊ လုံးပတ်ငါးပေရှိ မိကျောင်းအမဖြစ်ကြောင်း၊ အဆိုပါ ကျောက်ကြီးချောင်းနယ်မြေတွင် ရွှေမြေရတနာဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ ဆီအုန်းစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဒေသဖြစ်၍ ဆီအုန်းခြံအလုပ်သမားများနှင့် ရွာသားများ စုပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း၊ မိကျောင်းသည် စားကျက်လမ်းမှားကျော်လွန်လာပြီး ဆီအုန်းစိုက်ခင်း အတွင်း လာရောက်ကျက်စားသည့် တောဝက်အားထောင်ထားသော ညွှတ်ကွင်းအတွင်း လာရောက်ငြိတွယ်မိခြင်းဖြစ်၍ ဝိုင်းဝန်းဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မိကျောင်းအား မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် မြို့နယ် သစ်တောဦးစီးဌာနတာဝန်ရှိသူများက ဘေးမဲ့သတ္တဝါအဖြစ် လူသူဝေးရာ ပင်လယ် အတွင်းသို့ ပြန်လည်လွှတ်ပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေချိုချောင်းအတွင်း မိကျောင်းတစ်ကောင် အရှင်ဖမ်းမိ ရေချိုချောင်းအတွင်း မိကျောင်းတစ်ကောင် အရှင်ဖမ်းမိ Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.