ပွင့်ဖြူမြို့၊ ကျောင်းတော်ရာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ပွင့်ဖြူ မတ် ၁၄

မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာတွင် မတ်လ(၁၄)ရက်နေ့ နံနက် (၀၀း၃၀)နာရီ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာအုပ်စု၊ မြို့မ(၁)လမ်းနေ ဦးမြသန်းကို (ဘ) ဦးသန်းထွန်း၊ တောင်သူ၏ နေအိမ်မှ ခြင်ဆေးထွန်းရာမှ မတ်လ(၁၄)ရက်နေ့ နံနက်(၀၀း၃၀)နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ ဦးမြသန်းကို ၏ (၄)ပင်၊ (၃)ပင် သွပ်မိုးသွပ်ကာပျဉ်ခင်း (၂)ထပ်အိမ် (၁)လုံးနှင့် ၎င်းအိမ်နှင့် ကပ်လျက် ဦးကျော်မင်းခိုင်၏ (၄)ပင်(၃)ပင်၊ သွပ်မိုးပျဉ်ကာ ပျဉ်ခင်း(၂)ထပ်အိမ် (၁)လုံးတို့ ကူးစက်လောင်ကျွမ်းခဲ့ရာ ကျောင်းတော်ရာကျေးရွာမှ ဒေသခံပြည်သူများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခဲ့ရာ (၀၀း၄၅)နာရီအချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး ပွင့်ဖြူမြို့နယ် မီးသတ်စခန်းမှ ရောက်ရှိလာသော မီးသတ်ယာဉ်များမှ ဆက်လက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၀ မိနစ် အချိန်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရိစ္ဆာန် ဒဏ်ရာရ သေဆုံးခြင်း မရှိကြောင်း၊ မီးဘေးသင့် အိမ်ထောင်စု (၂)စုမှ ကျား(၄)ဦး၊ မ(၅)ဦးတို့မှာ ၎င်းတို့၏ ဆွေမျိုးသားချင်းများ အိမ်တွင် ခေတ္တနေထိုင်လျက်ရှိပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ပေါ့ဆစွာ မီးအသုံးပြုခဲ့သူ ဦးမြသန်းကို၊ တောင်သူအား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်နယ်မြေ ရဲစခန်းမှ (ပ)၁၃/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၅၈ ဖြင့် ရဲအုပ်ဝင်းနိုင်မှ တရားလိုပြုလုပ်၍ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သူရထွန်း (ပွင့်ဖြူ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပွင့်ဖြူမြို့၊ ကျောင်းတော်ရာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  ပွင့်ဖြူမြို့၊ ကျောင်းတော်ရာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.