ဒဂုံမြို့နယ်၌ ဓါးပြခြိမ်းခြောက်ကာ လုယက်သူများ ဖမ်းမိ

ဒဂုံမြို့နယ်၌ ဓါးပြခြိမ်းခြောက်ကာ ငွေနှင့်လက်ကိုင်ဖုန်းများယူဆောင် သွားသူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၉

၇.၃.၂၀၁၇ ရက်နေ့ ၀၁၃၀အချိန်တွင်ဒဂုံမြို့နယ်နေ ကို----သည်သူငယ်ချင်း ၂ဦးနှင့်အတူ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အမျိုးသားကဇာတ်ရုံရှေ့ရှိ ပလက်ဖောင်း၌ထိုင်နေကြစဉ် အမျိုးသား ၂ ဦးရောက်ရှိလာပြီး “လှိုင်သာယာမြို့နယ်ကို ဘယ်လိုသွားရမလဲ”ဟုမေးမြန်းသဖြင့် လမ်းညွှန်ပြောပြနေစဉ် ၎င်းအမျိုးသား ၂ ဦးမှ ခါးကြားတွင် အသင့်ယူဆောင်လာသည့် အရိုးအသွား ၁ ပေခွဲခန့်ရှိ ဓား ၂ ချောင်းအားထုတ်၍ ချိန်ရွယ်ထားပြီး ရှိသမျှထုတ်ပေးရန်ခြိမ်းခြောက်ပြောဆိုကာ ၎င်းတို့ ၃ ဦးထံမှ ငွေကျပ် ၄၁၀၀၀၊ Samsung အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးနှင့် Coolpad အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့အား ယူဆောင်သွားပြီး အနီးရှိမှောင်ရိပ်တွင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်ခန်းတွင် အမျိုးသားတစ်ဦးတို့ စက်နှိုးလျက်အသင့် စောင့်နေသော ဒိုင်နာမော်တော်ယာဉ်ပေါ်သို့ပြေးတက်ကာ မောင်းနှင်ထွက်ပြေးသွား ကြောင်း တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၃၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ်တွင်နေထိုင်သူများဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၇.၁.၂၀၁၇ ရက်နေ့ ၁၈၄၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မျိုးအောင်၊ ပစောက်(ခ)သက်ပိုင်ထွန်း၊ ကိုခိုင်(ခ)ကျော်သူရခိုင်တို့အား လှိုင်သာယာမြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဒိုင်နာမော်တော်ယာဉ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ၃ ဦးအား စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဓား ၂ ချောင်းနှင့် ၎င်းတို့လုယူခဲ့သည့် လက်ကိုင် ၁ လုံးတို့မှာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ဇင်မင်းထွန်း(ခ)ပေါင်မုန့်ထံတွင် ပါရှိသွားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၎င်းအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ဒဂုံမြို့နယ်၌ ဓါးပြခြိမ်းခြောက်ကာ လုယက်သူများ ဖမ်းမိ ဒဂုံမြို့နယ်၌ ဓါးပြခြိမ်းခြောက်ကာ လုယက်သူများ ဖမ်းမိ Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.