မြိတ်-ပုလောလမ်းပိုင်းကားလမ်းမ ပေါ်တွင် အမျိုသားတစ်ဦး ကားတိုက်သေဆုံး


၁၄-၃-၂၀၁၇

မတ်လ ၁၄ ရက်နေ့ ဒီကနေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ သဲပုံကျေးရွာအနီး မြိတ်-ပုလောလမ်းပိုင်း ကားလမ်းမကြီး၌ လူတစ်ဦး ကားတိုက်​​ပြေးမှု ဖြစ်​ပွားခဲ့ကြောင်း သတင်းအရ ပုလောမြို့မရဲစခန်းမှူး ဒုရဲမှူး စောနိုင်နှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဝမ်းဗိုက်မှ အူများထွက်ပြီး ဦးခေါင်းဒဏ်ရာများနှင့်သေဆုံး နေသည်ကို တွေ့ရှိရကြောင်းသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ သေဆုံးသူမှာ ဝင်းဟုန်(ခ)ရှပ်ရှု(၄၅)နှစ်၊ (ဘ) ဦးဘနီ၊ ဇရပ်ဆိပ် ကျေးရွာနေသူ(စိတ်မနှံ၍လျှောက်သွားနေသူ) ဖြစ်ကြောင်း ၄င်းသည် မြိတ်-ထားဝယ် ကားလမ်းမ မိုင်တိုင်အမှတ်(၁၂၄/၆) တွင် အိပ်နေသည်ကို ခရီး သွားတစ်ဦးမှ မြင်တွေ့ခဲ့ကြောင်း၊ အဆိုပါခရီးသွား သူမှာ ဆက်လက်ထွက်ခွာလာစဉ် ပုလောဘက်မှ မြိတ်မြို့ဘက်သို့ သွားသော အမ်စာတုံးခရီးသည် တင်ကား(၃)စီး မောင်းနှင်သွားသွားသည်ကို မြင်ရပြီး လမ်းမပေါ်တွင် အိပ်နေသော ဝင်းဟုန်အား တက်ကြိတ်မိသံကြားလိုက်ရကြောင်း စစ်ဆေးသိရှိ ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းဟုန်အားတိုက်သတ် သွားသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဖော်ထုတ်အရေးယူပေးပါရန်(၁၀၁၅)အချိန် ဒုရဲမှူး စောနိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပုလောမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ. ၃၀၄-က/၂၀၂ အရ အမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲမှူး စောနိုင်မှပင် စစ်ဆေးလျက်ရှိကြောင်း မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ သတင်းအရ သိရပါသည်။

by သစ်ထူးလွင်

မြိတ်-ပုလောလမ်းပိုင်းကားလမ်းမ ပေါ်တွင် အမျိုသားတစ်ဦး ကားတိုက်သေဆုံး မြိတ်-ပုလောလမ်းပိုင်းကားလမ်းမ ပေါ်တွင် အမျိုသားတစ်ဦး ကားတိုက်သေဆုံး Reviewed by THITHTOOLWIN on 15:14 Rating: 5
Powered by Blogger.