တောဆင်ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်၍ ဆင်သားရေနှင့် ဆင်သား လှီးဖြတ်ယူသူများ ဖမ်းဆီးရမိ


နေပြည်တော် မတ် ၃ဝ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန သစ်တောဦးစီးဌာနသည် နိုင်ငံတော်အတွင်းရှိ သစ်တော သယံဇာတများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသကဲ့သို့ တရားမဝင်ထုတ်ယူခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သယ်ဆောင် ရောင်းဝယ်ခြင်းများအား တားဆီးကာကွယ်၍ ဖော်ထုတ် အရေးယူခြင်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ ဆက်စပ် ဌာနအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း လျက် စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ် ၂၈ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး အရာရှိ ဦးတင်စိုးက ငပုတောမြို့နယ် မြစ်တစ်ရာ ကြိုးဝိုင်း အကွက်အမှတ်(၂၇၄၊၂၈၉)အတွင်း သစ်တောလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်စစ်ဆေးစဉ် ဒီပါကွက်သစ် ကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း(CF)ဥက္ကဋ္ဌ ဦးကျော်ဦး၏ သတင်းပေးချက်အရ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် ကွင်းဆင်းစစ်ဆေးရာ ည ၈ နာရီခွဲခန့်တွင် မြစ်တစ်ရာကြိုးဝိုင်း၊ အကွက်အမှတ်(၂၉၄)အတွင်း ခန့်မှန်းမြေပုံòန်း င်္ြ-၄၆၅၉၅၃ နေရာတွင် ဆင်သေတစ်ကောင်နှင့် ဆင်သားရေနှင့် ဆင်သား လှီးဖြတ်သူ သုံးဦးအား တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွား၍ လက်ကိုင်ဖုန်းတစ်လုံး ကျကျန် ခဲ့သည်။

အဆိုပါအဖွဲ့မှ ထွက်ပြေးလွတ်မြောက်သူ သုံးဦးကို ဖမ်းဆီး နိုင်ရေးအတွက် ပုသိမ်-မော်တင်ကားလမ်းနှင့် ကျုံကူးကားလမ်း တစ်လျှောက် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ စောင့်ဆိုင်းစဉ် ည ၉ နာရီ မိနစ် ၄ဝ ခန့်တွင် ကျုံကူးကားလမ်း မိုင်တိုင်(၂/ဝ)တွင် မသင်္ကာဖွယ် အထုပ်များနှင့် လူသုံးဦးအား တွေ့ရှိစစ်ဆေးရာ ဆင်သားရေခွံ နှင့် အသားများလှီးဖြတ်သယ်ယူလာသူ ငပုတောမြို့နယ် ဒေါ်ပွေးတုတ်ရွာနေ ဦးကျားကျား(ကျားလေး)၊ ဦးမောင်မောင် နှင့် ငပုတောမြို့နယ် တောကြီးရွာနေ ဦးဇော်သိန်းလေးတို့ကို သက်သေခံပစ္စည်းများဖြစ်သည့် ဆင်သားရေခွံနှင့် ဆင်အသား များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ သေဆုံးနေသည့် ဆင်ကို စစ်ဆေးရာ အသက် (၃ဝ နှစ်)ခန့်နှင့် အရပ် ခုနစ်ပေရှိသည်။ဆင်၏နှာမောင်းနှင့်အမြီး ပျက်စီးလျက် နောက်ခြေထောက်၊ နားရွက်များ ဖြတ်တောက်ထားပြီး အရေခွံနွှာထားလျက် အနေအထားဖြင့် ဦးခေါင်းတွင် သေနတ်ကျည်တစ်ပေါက်ရှိ ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအား ကျုံကူး ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ကျုံကူးရဲစခန်း၌ အမှုဖွင့်အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တောဆင်ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်၍ ဆင်သားရေနှင့် ဆင်သား လှီးဖြတ်ယူသူများ ဖမ်းဆီးရမိ တောဆင်ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်၍ ဆင်သားရေနှင့် ဆင်သား လှီးဖြတ်ယူသူများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.