မန္တလေး မတ် ၈
ဆေးတက္ကသိုလ်(မန္တလေး) နောက်ဆုံးနှစ်အပိုင်း(က)ကျောင်း သားတစ်ဦးအဆောင်အခန်းအတွင်း ယခုလ ၅ ရက် မွန်းလွဲပိုင်းက မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယခုလ ၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က ၂၉ လမ်းနှင့် ၃ဝ လမ်းကြား၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိအဆောင်တွင် မောင်ဗိုလ်သူရဦး (အသက်၂ဝ) (၂)ရပ်ကွက် ဘုရင့်နောင်လမ်း မတ္တရာမြို့နေသူ ဆေး တက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)သည် သူငယ်ချင်းနှင့်အဆောင် အပေါ်ထပ် ရှေ့မျက်နှာစာအခန်းတွင် အတူနေထိုင်၍ စာမေးပွဲဖြေရန် ရှိပြီး စာသိပ်မရသေးသဖြင့် အခန်းတံခါးပိတ်ပြီး စာကျက်နေခဲ့သည်။
![]() |
မောင်ဗိုလ်သူရဦး။ ။ဓါတ်ပုံ - Bo Thura Oo (FB) |
မိမိကိုယ်ကို ကြိုးဆွဲချသေကြောင်းကြံစည်၍ ဆေးရုံတက်ရောက် ကုသနေသည့် မောင်ဗိုလ်သူရဦးမှာ ယခုလ ၆ ရက် နံနက် ၅ နာရီ ၁ဝ မိနစ်တွင် သေဆုံးသွားခဲ့သည်။ မိမိကိုယ်ကို သေကြောင်းကြံစည် သူ မောင်ဗိုလ်သူရဦးအား ချမ်းအေးသာစံမြို့မရဲစခန်း က(ပ)၇၆/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၉ ဖြင့် အမှုဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
https://www.facebook.com/uniondaily.net/
ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by THITHTOOLWIN
on
17:08
Rating:
