![]() |
လှည်းတန်းဘူတာတွင် အမျိုးသမီး တစ်ဦး ရထားတိုက်မိကာ သေဆုံး |
အဆိုပါ အမျိုးသမီးသည် အသက်(၂၃)နှစ်ခန့်ရှိပြီး နားကြပ်ဖြင့် ဖုန်းပြောနေစဉ် ရထားလာသည်ကို မသိရှိဘဲ အင်းစိန်ဘက်သွားသည့် ဇီယာ အမည်ရှိ ရထားမှ တိုက်မိခြင်းဖြစ်ပြီး ပြည်ရထား ရန်ကုန်ဘက်သို့ စုံချိန်ဖြစ်ကြောင်း သိရသည်။
“အဲ့အမျိုးသမီးလေးက ပြည်ရိပ်မွန်(၆)ရပ်ကွက်မှာ အဆောင်ငှားနေတယ်။ ဒီမနက် နားကြပ်နဲ့ ဖုန်းပြောရင်း ရထားလာတာ မကြားတာဖြစ်မယ်။ တိုက်ချသွားတာ။”ဟု အဆိုပါ ရထားတိုက်မိသူကို မြင်တွေ့လိုက်သူ တစ်ဦးက ပြောသည်။
အဆိုပါ ရထားတိုက်ခံရသူမှာ မှတ်ပုံတင်အရ မထက်ထက်ထွန်း ဖြစ်ပြီး capital construction တွင် အလုပ် လုပ်သူဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
လှည်းတန်းဘူတာတွင် အမျိုးသမီး တစ်ဦး နားကြပ်ဖြင့် ဖုန်းပြောနေစဉ် ရထားတိုက်မိကာ သေဆုံး
Reviewed by THITHTOOLWIN
on
17:07
Rating:
