ဘင်္ဂလားဒေ့ရှ်က မွတ်စလင်စခန်း မြန်မာအဖွဲ့ သွားကြည့်မယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက ကလေးငယ်တွေကို တွေ့ရစဉ်။ Photo: United Nations Refugee Agency - Cox's Bazar, Bangladesh FB
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇား Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်စခန်းတွေကို လာရောက်ကြည့်ရှုလိုကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြောင်းကြားထားတယ်လို့ ဒါကာက အင်္ဂါနေ့လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

မောင်တောဒေသ တိုက်ခိုက်မှု စုံစမ်းရေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေ နေထိုင်တဲ့ အဲဒီဒေသကို သွားရောက်ကြည့်ရှုလိုကြောင်း မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို တနင်္လာနေ့က သွားရောက်စဉ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘင်္ဂလားဒေ့ရှ်က မွတ်စလင်စခန်း မြန်မာအဖွဲ့ သွားကြည့်မယ် ဘင်္ဂလားဒေ့ရှ်က မွတ်စလင်စခန်း မြန်မာအဖွဲ့ သွားကြည့်မယ် Reviewed by THITHTOOLWIN on 12:37 Rating: 5
Powered by Blogger.