ကျောက်ပန်းတောင်း မတ် ၎
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့ဦးအောင်စေတီတော်မြတ်ကြီးအရှေ့ဘက် ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်းပေါ်တွင် မတ်လ(၄)ရက်နေ့၊ နံနက် ၆နာရီ ၂၅ မိနစ်အချိန်ခန့်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး မီး လောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်မှ ပုဂံညောင်ဦးသို့ ဘုရားဖူး ထွက်ခွာလာသော ယာဉ်မောင်း ဦးလေးမောင် မောင်းနှင်ပြီး ယာဉ် နောက်လိုက် သန်းစိုးအောင် လိုက်ပါလာသည့် FUSO အမျိုးအစား ယာဉ်အမှတ်(8H-xxxxx) Express ခရီးသည်တင်ယာဉ်သည် ယာဉ်၏ ယာဘက်ခြမ်း နောက်ဘီးများမှ ဘရိတ်ရှုးခြမ်း ငြိနေ၍ ညှော်နံ့များ ထွက်လာသဖြင့် ကျောက်ပန်းတောင်း မြို့နယ် ကျောက်ပုံကျေးရွာ အရောက်တွင် ယာဉ်ပေါ်ပါခရီးသည်များအား အခြားကားဖြင့် ပြောင်းရွှေ့ပေးပြီး ကျောက်ပန်းတောင်းမြို့သို့ ယာဉ်ပြုပြင် ရန် မောင်းနှင်လာစဉ် ကျောက်ပန်းတောင်းမြို့အ၀င် မိုင်တိုင်အမှတ်၊ ၅၇/၆နှင့် ၅၇/၇ကြား အရောက် ဘရိတ်ရှုးခြမ်း အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးဖြင့် စခန်းမှူး နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိ ကူညီ မီးငြှိမ်းသတ်ခဲ့ကြပြီး နံနက် ၆နာရီ ၅၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။
ယာဉ်မီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ ယာဉ်တစ်စီးလုံး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယာဉ်၏ ယာဘက် ဘရိတ်ရှုးခြမ်းများသာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ် မီးလောင်မှုကြောင့် ယာဉ်မောင်း ဦးလေးမောင် (ဘ)ဦးအေး၊ ရန်အေင်(၁) ဘိုကုန်းရပ်ကွက်၊ နေပြည်တော် ပျဉ်းမနားမြို့နေသူအား ကျောက်ပန်းတောင်း မြို့မရဲစခန်းမှဥပဒေနှင့် အညီအရေး ယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
နေအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကျောက်ပန်းတောင်းမြိ့တွင် ခရီးသည် တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:16
Rating:
