ဘားအံမြို့နယ်၌ မြေကမ်းပါးပြိုကျ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ


ဘားအံ မတ် ၂၂

ကရင်ပြည်နယ် ဘားအံမြို့နယ် ခဲတောက် ကျေးရွာအုပ်စု ကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းဘေး၌ ဘားအံ ရေအရင်းအမြစ်က မြေထိန်းနံရံ တည်ဆောက်နေသည့် လုပ်ငန်းခွင်၌ မြေကမ်းပါးယံပြိုကျသဖြင့် အလုပ်သမား ခြောက်ဦးအနက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ၌ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘားအံမြို့နယ် ခဲတောက် ကျေးရွာအုပ်စု ကျုံပိုက်ကျေးရွာ သံလွင် မြစ်ကမ်းဘေး၌ လွန်ခဲ့သည့်နှစ်လ ခန့်မှစတင်ကာ ဘားအံမြို့နယ် ရေအရင်း အမြစ်က ဦးစီးဆောင်ရွက်လျက်ရှိသည့် မြစ်ကမ်းထိန်းသိမ်းရေး မြေထိမ်းနံရံ လုပ်ငန်းခွင်ကို လုပ်ကိုင်လျက်ရှိရာ မတ် ၂၂ ရက် မွန်းလွဲ ၂ နာရီ မိနစ်၂ဝ ခန့်က အလုပ်သမားခြောက်ဦးဖြင့် မြေထိန်းနံရံ အတွက် ဖောင်ဒေးရှင်းတူးခြင်းဆောင် ရွက်နေစဉ် အမြင့်၁၅ ပေခန့်မှ ထုထည် ငါးပေခန့်ရှိပြီး အလျားကိုက် ၁ဝဝ ခန့် အရှည်ရှိမြေသားများပြိုကျခဲ့ခြင်းဖြစ် သည်။

မြေကမ်းယံပြိုကျသည့်နေရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ပေးဆပ်သူလူမှုကူညီရေးအသင်း၊ မာဃလူမှုကူညီရေးအသင်း၊ မီးသတ် တပ်¸ဝင်များ၊ ရဲတပ်¸ဝင်များ၊ ကျေးရွာ သူ ကျေးရွာသားများ ပါဝင်သော ကယ်ဆယ်ရေးအ¸များ စုစုပေါင်း ကယ်ဆယ်ရေးအင်အား ၁ဝဝ ကျော် ဖြင့် ပြိုကျနေသည့် မြေသားများကို နာရီဝက်ခန့်အကြာ ခက်ခက်ခဲခဲဖယ်ရှား ပြီး(အပေါ်ပုံ) ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ခဲ့သည့်အတွက် အလုပ်သမားခြောက်ဦးအနက် မစန်း စန်းမော် (၃၇ နှစ် )ကူးဆိပ်ရွာ ဘားအံ မြို့နယ်နေသူတွင် ဒဏ်ရာရရှိခြင်းမရှိ၊ ကျော်စိုးမိုး (၁၅ နှစ်)ကူးဆိပ်ရွာ ဘားအံ မြို့နယ်နေသူတွင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိ၊ မနွယ်နီ (၁၃ နှစ်) ဖားပုရွာ ဘားအံ မြို့နယ်နေသူတွင် ဒဏ်ရာ(မစိုးရိမ်ရ) တို့ ရရှိခဲ့ကြပြီး အောင်စိုးဦး( ၄ဝ နှစ်) ကူးဆိပ်ရွာ ဘားအံမြို့နယ်၊ မစန်း စန်းအေး(၄ဝ နှစ်) ကူးဆိပ်ရွာ ဘားအံ မြို့နယ်နှင့် ကျော်ကျော် (၃၉ နှစ်) ဓမ္မပါလရပ်ကွက် ဘားအံမြို့နယ်နေသူတို့ သုံးဦးမှာ ကယ်ဆယ်ရေးအ¸ တူးဖော် ရရှိချိန်တွင် သေဆုံးနေသည်ကို တွေ့ရှိရ သည်။

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ၏ ရုပ်အလောင်းများကို ရဲဆေးစာဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားပြီး ဘားအံမြို့နယ် ရဲတပ်¸မှူး ရဲမှူးကြာညို ဦးစီးအ¸က ဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံမြို့နယ်၌ မြေကမ်းပါးပြိုကျ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ  ဘားအံမြို့နယ်၌ မြေကမ်းပါးပြိုကျ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.