နွားမွေးဖက်မပေး၍ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး


မြိုင်မြို့နယ်၊မင်းသားကျရွာတွင် ဖေဖော်ဝါရီ(၂၇)ရက်နေ့က အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်သေဆုံးခဲ့ကြောင်း မြိုင်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၇)ရက်နေ့ ည(၈)နာရီ(၄၀)မိနစ်အချိန်က မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပိုးသတ်ဆေးသောက်၍ လူသေအလောင်းရောက်ရှိနေကြောင်းသတင်းအရ မြိုင်မြို့မရဲစခန်းမှ ဒုရဲအုပ် ဖြိုးကိုကိုဝေ သွားရောက်စစ်ဆေးခဲ့သည်။

 မြိုင်မြို့နယ်၊ မင်းသားကျရွာနေ ဒေါ်အေးအေးဌေး၊၄၀နှစ်သည် ယင်းနေ့ မွန်းလွဲ(၃)နာရီအချိန်က တစ်ရွာတည်းနေ ၎င်း၏မိခင်ဖြစ်သူ ဒေါ်သိန်းရှင်ထံ နွားမွေးဖက်တောင်းခံရာ မိခင်ဖြစ်သူမှ မပေးသဖြင့် စကားများခဲ့ပြီးနောက် နေအိမ်သို့ပြန်၍ အိမ်၌အသင့်ရှိသော AKU MINIUMPHOSPHIDECELPHOS တံဆိပ်ပါ ပိုးသတ်ဆေးအား သောက်နေသည်ကို သမီးဖြစ်သူ မအိအိစိမ့်၊ အသက်၁၃နှစ်မှတွေ့မြင့်ခဲ့သဖြင့် အိမ်သို့ပြန်လာသော ဖခင်ဖြစ်သူအားပြောပြပြီး မြိုင်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့အပ်ကုသစဉ် ဒေါ်အေးအေးဌေးမှာ ယင်းနေ့ ည(၈)နာရီ(၃၀)မိနစ်အချိန်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ ခြင်းဖြစ်သည်။

 ယင်းအမျိုး သမီးသေဆုံးခဲ့မှုနှင့်ပက်သက်၍ ဒုရဲအုပ် ဖြိုးကိုကိုဝေ မှ တရားလိုပြုတိုင်ကြားခဲ့၍ မြိုင်မြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၇ ဖြင့်အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နွားမွေးဖက်မပေး၍ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး နွားမွေးဖက်မပေး၍ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.