ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အိုးဘိုအုပ်စု၊ တလုပ်စုကျေးရွာမှာ မတ်(၇) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။
ဖြစ်ပွားပုံမှာ မတ်(၇)ရက် နံနက်(၂)နာရီက အိုးဘိုကျေးရွာအုပ်ချုပ်ရေးမှူးက တလုပ်စုကျေးရွာမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ကျောင်းကုန်းမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားလို့ အခင်းဖြစ်နေရာကို သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ အိုးဘိုအုပ်စု၊ တလုပ်စုကျေးရွာနေ ထွန်းဝင်း( ၄၄ )နှစ် ဆိုသူဟာ သူ့အိမ်ရှေ့က "ဆေးရိုးပင်"ပင်မှာ နိုင်လွန်ကြိုးအပြာရောင်နဲ့ ကြိုးဆွဲချသေဆုံးနေတာကို စစ်ဆေးတွေ့ရှိရလို့ ထွန်းဝင်းသေဆုံးမှုနှင့်ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၇)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း)က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ကျောင်းကုန်းမြို့ တလုပ်စုကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by THITHTOOLWIN
on
09:32
Rating:
