မတ်လ ၆
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလားဒေရ့်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ လာရောက်လာ ဘင်္ဂါလီ ၂၈ ဦးပါ စက်လှေ တစ်စီးအား ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ စက်လှေကို မတ်လ ၅ ရက်နေ့ ညနေ ၉ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် တုန်းချောင်း နှင့် နွားမြက်တောင်ချောင်း အနောက်ဖက် ၁ မိုင် ခန့် အကွာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်က “ မနေ့ညက တုန်းချောင်း နဲ့ နွားမြတ်တောင်ချောင်း နားမှာ ဘင်္ဂါလာ ကစက်လှေ တစ်စီးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေက တွေ့လို့ သွားစစ်ဆေးတယ်။ အဲဒီမှာ တွေ့တာ ဖြစ်တယ်။ သူတို့ကတော့ စစ်တွေ ကိုသွားမယ်လို့ပြောတယ် ။ လွန်ခဲ့တဲ့ သုံးလလောက်က ရခိုင်ပြည်က နေပြီးတော့ ဘဂါင်္လာမှာ အလုပ်သွားလုပ်ပြီး ပြန်လာကြတယ်လို့တော့ ပြောတယ် ။ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ” ဟု ရခိုင်ဂေဇက်သို့ ပြောသည်။
အဆိုပါ စက်လှေထဲမှ ဖမ်းဆီးရမိသော ဘင်္ဂါလီ ၂၈ ဦးတွင် အမျိုးသမီး ၂ ဦး၊ ဆယ်ကျော်အသက်အရွယ် ၅ ဦး ခန့် တို့ပါဝင်ကြကြောင်း စစ်တွေ၊ မြောက်ဦး နှင့်ပေါက်တော မြို့နယ်များက ဖြစ်သည်ဟုထွက်ဆိုကြကြောင်း ၄င်း က ဆက်လက်၍ ပြောသည်။
လက်ရှိအချိန်တွင် မောင်တောမြို့နယ် နယ်ခြားစောင့် နယ်မြေအမှတ် (၄) မကျီးချောင်း ရဲစခန်းတွင် ထိန်းသိမ်းပြီး စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ခိုင်မင်းညို
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောတွင် တစ်ဘက်နိုင်ငံမှ လာရောက်သော ဘင်္ဂါလီ ၂၈ ဦးပါ စက်လှေ တစ်စီး ဖမ်းမိ
Reviewed by THITHTOOLWIN
on
18:01
Rating:
