ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်နှစ် တာအတွင်း ဆောင်ရွက်မှုတွေ ကို ပြည်သူထံတင်ပြတဲ့ ရုပ်သံ ထုတ်လွှင့်

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတ်လ ၁ ရက်နေ့က လူမှုကွန်ယက် Facebook ကနေ ရုပ်သံမှတ်တမ်း ထုတ်လွှင့်စဉ်။ Photo: Phyo Min Thein/ Facebook
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြစ်တဲ့ YBS စနစ်ကို ၃ ရက်အတွင်း အောင်မြင်အောင် ပြောင်းလဲနိုင်ခဲ့ကြောင်းနဲ့ YBS စနစ်အတွက် ပြည်ပကနေ ဘတ်စ်ကား အစီးရေ ၃ထောင် ၀ယ်ယူဖို့ ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်တွေကို ပြည်သူကိုတင်ပြတဲ့ အနေနဲ့ ရန်ကုန်ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာကတဆင့် ဒီနေ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့်ရာမှာ ဦးဖြိုးမင်းသိန်းက ပြောခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ ဘတ်စ်ကား စနစ်သစ် အတွက် ငွေကျပ် ၇၀ ဘီလီယံလောက် အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၃၂ ဘီလီယံ နဲ့ ရေကြီးရေလျှံမှု တားဆီးရေးအတွက် ဘဏ္ဍာငွေ ကျပ် ၈ ဘီလီယံကို အသုံးပြုနေတယ်လို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာသက်တမ်းအတွင်း ရေကြီးရေလျှံမှု မရှိစေရေး၊ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ဖွံ့ဖြိုးရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျှော့ချနိုင်ရေး၊ ဘတ်စ်ကားစနစ် ပြောင်းလဲရေးနဲ့ အိမ်ရာစီမံကိန်းအသစ်တွေ တည်ဆောက်ရေး တို့ကို ဆောင်ရွက်ခဲ့တယ်လို့ ၀န်ကြီးချုပ်က ပြည်သူတွေ ကို တင်ပြတဲ့ ရုပ်သံမှတ်တမ်းမှာ ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်နှစ် တာအတွင်း ဆောင်ရွက်မှုတွေ ကို ပြည်သူထံတင်ပြတဲ့ ရုပ်သံ ထုတ်လွှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်နှစ် တာအတွင်း ဆောင်ရွက်မှုတွေ ကို ပြည်သူထံတင်ပြတဲ့ ရုပ်သံ ထုတ်လွှင့် Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.