ပန်းတနော်မြို့ နယ်မှာ ချောက်ထဲ ထိုးကျတိမ်းမှောက်ယာဉ်မှ ယာဉ်မောင်းသေဆုံး
 ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ စာဖြူစုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် မတ်လ ၁၆ရက်နေ့ နံနက် ၆ နာရီခန့် က ယာဉ်တစ်စီး အရှိန်မထိန်းနှိုင်ဘဲ လမ်းဘေးယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းသေဆုံး သွားကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၁၆.၃.၂၀၁၆ ရက်နေ့ ၀၆၀၀နာရီ အချိန်တွင် ပန်းတနော်မြို့မရဲစခန်းတွင် ဒုရဲအုပ် အောင်ကိုဝင်းသည် တာဝန်မှုးတာဝန်ထမ်းဆောင်နေစဉ် စာဖြူစုကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
 ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၄၇/၁)နှင့်(၄၇/၂)ကြား ကြိမ်ပင်ဆည်ကျေးရွာဘက်မှ ပန်းတနော်မြို့ဘက်သို့ ယာဉ်မောင်း လွင်မိုးဦး၊ ၃၅နှစ်၊ (ဘ)ဦးနိုင်ဝင်း မောင်းနှင်သောယာဉ် ပေါ်တွင် ကောင်းမြတ်စည်သူ(၁၉)နှစ်၊ (ဘ)ဦးမျိုးနောင်ထွဋ် စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် 4I/5825 Nissan အဖြူရောင်မော်တော်ယာဉ်သည် အရှိန်မထိန်းနှိုင်ဘဲ လမ်းဘေးယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်လွင်မိုးဦးတွင် နာကျင် ဒဏ်ရာများ ရရှိပြီးအခင်းဖြစ် နေရာတွင်သေဆုံးသွာခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ ကောင်းမြတ်စည်သူတွင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် ပန်းတနော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရပါသည်။
 ယာဉ်အားမဆင်မခြင် မောင်းနှင်သူ လွင်မိုးဦးအား ပန်းတနော်မြို့မ ရဲစခန်းယာဉ်(ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
သစ်ထူးလွင်
Powered by Blogger.