ထီးချိုင့်​မြို့နယ်​တွင်​ လူသတ်​မှု့ ဖြစ်​ပွာ
စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ ထီးချိုင့်​မြို့နယ်​၊ အုတ်​ဆုံ​ကျေးရွာတွင်​ မတ်လ ၂၂ ရက်နေ့  နေ့ လည် ၂ နာရီအချိန်ခန့် က လူသတ်​မှု့ တစ်​ခု ဖြစ်​ပွားခဲ့​ကြောင်း သိရပါသည်​။
ဖြစ်​စဉ်​မှာ၂၂၊၃၊၁၇ရက်​​နေ့၁၄၀၀အချိန်​ခန့်​တွင်​ ထီးချိုင့်​မြို့နယ်၊ အုတ်​ဆုံ​ကျေးရွာ​နေ ၀င်း​ဇော်​မိုး
ဆိုသူသည်​ အရက်​​သေစာ​သောက်​စားပြီး ၎င်း၏ မိခင်​ဖြစ်​သူ​ဒေါ်မိုးအိမ်​သို့ သွား​ရောက်​၍ ၎င်း၏ အစ်​ကိုဖြစ်​သူ ​ဇော်​မိုးနှင့် ကြံတင်​ခ​ငွေ​တောင်းခံရာမှ စကားများ ခိုက်​ရန်​ဖြစ်​ပွားရာ အစ်​ကိုဖြစ်​သူမှ အရိုးအသွား၂၅လက်​မရှိ ဓားဦးချွန်​ဖြင့် ထိုးပြီး ​မောင်းကုန်းရဲကင်းစခန်းဘက်​သို့ ထွက်​​ပြေးသွား​ကြောင်းသိရပါသည်​။
လုပ်​ကာ တိုင်​ကြားထား​သော အမှု့ဖြစ်​​ကြောင်း သိရပါသည်​။
သေဆုံးသူမှာ ၀င်း​ဇော်​မိုး ၊၃၀နှစ်​၊ အုတ်​ဆုံ​ကျေးရွာ ထီးချိုင့်​မြို့နယ်​​နေသူ ဖြစ်​​ကြောင်း သိရပါသည်​။
သို့ဖြစ်​ပါ၍ လူကို​သေ​အောင်​ ဓားဖြင့် ထိုးသူ ​ဇော်​မိုး ၊၃၂နှစ်​၊ အုတ်​ဆုံ​ကျေးရွာ၊ ထီးချိုင့်​မြို့နယ်​​နေသူအား​ ထီးချိုင့်​မြို့မရဲစခန်းမှ(ပ)၈၀/၁၇၊ ပြစ်​မှု့ပုဒ်​မ- ၃၀၂အရ အ​ရေးယူ​ဆောင်​ရွက်​ထား​​ကြောင်း သိရပါသည်​။
လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထီးချိုင့်​မြို့နယ်​တွင်​ လူသတ်​မှု့ ဖြစ်​ပွာ ထီးချိုင့်​မြို့နယ်​တွင်​ လူသတ်​မှု့ ဖြစ်​ပွာ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.