![]() |
မရမ်းကုန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး အ၀တ်ဗလာကျင်းလျက် အများပြည်သူအနှောင့်အယှက်ဖြစ်အောင် သွားလာနေသူအား ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းကာအရေးယူ |
၃၁.၃.၂၀၁၇ ရက်နေ့ ၂၂၁၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်း၊ (၉)မိုင်တွင် အ၀တ်ဗလာကျင်းလျက် အမျိုးသမီးတစ်ဦးလျောက်သွားနေပြီး အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင်ပြုလုပ်နေကြောင်း သိရှိရပါသည်။
တာဝန်သိပြည်သူတစ်ဦး၏ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော 199 Call Centerသို့ သတင်းပေးပို့ချက်အရ မရမ်းကုန်းမြို့မရဲစခန်းမှ အမျိုးသမီးရဲ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ သတင်းအတည်ပြုဆောင်ရွက်ခဲ့ရာ အဆိုပါနေရာအနီး (၈)မိုင်ခွဲကားမှတ်တိုင်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)နေ မ-----၊ အသက်(၂၆)နှစ်ဖြစ်ပြီး အ၀တ်ဗလာဖြင့်တွေရှိရကာ ၎င်းအားတပ်ဖွဲ့ဝင်များက အ၀တ်များလုံခြုံစွာဝတ်ဆင်စေလျက် ရဲစခန်းသို့ခေါ်ဆောင်ထိန်းသိမ်းလာခဲ့ပါသည်။
ဖြစ်စဉ်မှ အမျိုးသမီးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
မရမ်းကုန်းမြို့နယ်တွင် အ၀တ်ဗလာကျင်းလျက် လမ်းလျောက်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူ
Reviewed by THITHTOOLWIN
on
23:42
Rating:
