ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ကန်ထရိုက်စနစ်နဲ့ သစ်ထုတ် လုပ်ခွင့်ပေးတဲ့ စနစ် ရုပ်သိမ်းမည်

ခုတ်ယူထားသော သစ်လုံးများပုံ။ Photo: RFA
မြန်မာ့သစ်လုပ်ငန်းကနေ ကန်ထရိုက်စနစ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို သစ်ထုတ်လုပ်ခွင့်ပေးတဲ့ စနစ်ကို လာမယ့် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ်ကနေစပြီး ရုပ်သိမ်းမယ်လို့ သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ်သစ်ထုတ်လုပ်မှု လျော့ချလိုက်ပြီဖြစ်တာကြောင့် မြန်မာ့သစ်လုပ်ငန်း ရဲ့ဝန်ထမ်းအင်အားနဲ့ နိုင်သွားတဲ့အတွက် ကန်ထရိုက်စနစ်နဲ့ သစ်ထုတ်လုပ်ခွင့်ပေးတာကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်က ပြောပါတယ်။

"မှန်ပါတယ်။ ဒါတွေက ကန်ထရိုက်စနစ်နဲ့ပေးနေတာတွေကို မပေးပါဘူး။ မြန်မာ့သစ်လုပ်င်းပဲ ထုတ်မှာပါ။ ဖျက်သိမ်းတယ်ဆိုတဲ့ အသုံးနုန်းတော့ မဟုတ်ပါဘူး။ ထုတ်ခွင့်မပေးတော့တာပေါ့နော်။ ကျွန်တော်တို့ မြန်မာ့သစ်လုပ်ငန်းက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က စပြီးတော့ မြန်မာ့သစ်လုပ်ငန်း ကပဲ သူတို့ကိုယ်တိုင် သစ်ထုတ်မှာပါ။ နောက်ပြီး ကျွန်တော်တို့က သစ်ထုတ်တာလည်း လျှော့ပစ်လိုက် တယ်လေ။ မူလခွင့်ပြုနိုင်တဲ့ဟာထက် ကို လျှော့ထုတ်လိုက်တယ်။ ဌာနရဲ့ အင်အားနဲ့လည်း နိုင်သွားပြီပေါ့လေ။ ဒါ့ကြောင့် ကျနော်တို့က ယာဉ်ယန္တရားလည်း လုံလောက်သွားပြီလေ။ ဒါ့ကြောင့်ပါ"

အရင်က မြန်မာ့သစ်လုပ်ငန်းကနေ သစ်ထုတ်တဲ့အခါမှာ ငွေအင်အား၊ ယာဉ်ယန္တရားနဲ့ ၀န်ထမ်းအင်အား နည်းတာကြောင့် ကန်ထရိုက်စနစ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို သစ်ထုတ်လုပ်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ