တာမွေ ထွေအုပ် ဒုဦးစီးမှူး ကြိုးဆွဲချ သေဆုံး

တာမွေမြို့နယ်တွင် ထွေအုပ်ရုံး ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံး
ရန်ကုန်။ မတ်လ ၁၅ ရက်

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုဦးစီးမှူး တစ်ဦးမတ်လ ၁၅ ရက် နံနက်၁၀း၀၀ နာရီအချိန်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာမြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး ဌာန ရုံးဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သည့် ဒုဦးစီးမှူး ဦးနေမျိုးဆွေ အသက်(၂၇) နှစ်သည် ၄င်းနေထိုင်သည့် လိုင်းခန်းအတွင်းတွင် ကြိုးဆွဲချ သေဆုံးနေကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး၏ အကြောင်းကြား ချက်အရ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဘုန်းကျော်၊ စခန်းမှူး ဒုရဲမှူး ခင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးလှသိန်းနှင့် ဦးသိန်းမြင့်၊ မြို့နယ်ထွေအုပ် အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ ဒုမြိုနယ်မှူး ဦးအောင်ကျော်စိုး တို့နှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးခဲ့သည်။


 ဒုဦးစီးမှူး ဦးနေမျိုးဆွေ သည် ဝန်ထမ်း လိုင်းခန်းအတွင်း တံခါးများဂျက်ထိုးကာ အိပ်ခန်းအဝင် ပေါက် ထုတ်တန်းတွင် ပုဆိုးအနီအဝါကွက်အား ကြိုးသဖွယ်ပြုလုပ်ပြီး၊ ညာဘက်မျက်ခုံး ကွဲလျှက်၊ လျှာထွက်ကာကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သည်။

 ရုပ်အလောင်းအား ရဲဆေးစာနှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံးမှုနှင့် ပတ် သက် ၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်းနှင့်သေမှုသေခင်းဖွင့်လှစ်၍ ဆက် လက်ဆောင်ရွက် လျက်ရှိ ကြောင်းသိရှိရပါသည်။

လှလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ