ထောင်ဝန်ထမ်းပါ ပါဝင်နေတဲ့ ထောင်တွင်း မူးယစ်ဆေးရောင်းချမှု


က​လေး၊မတ်​လ၆။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးမြို့နယ်​၊ ​မော်​လိုက်​က​လေးအကျဉ်း​ထောင်​ထဲတွင်​ မတ်​လ ၅ရက်​​နေ့က ဘိန်းဖြူသုံးစွဲသူ အကျဉ်းသားများနှင့်​​ ရောင်းချသူ​ ထောင်​ဝန်​ထမ်းတစ်​ဦးအား ဖမ်းဆီးမိ​ကြောင်း သတင်းရရှိသည်​။


ဖြစ်​စဉ်​မှာ မတ်​လ၅ရက်​​နေ့တွင်​ အကစ(က​လေး)မှ ​ထောင်​တာဝန်​ခံ လက်​​ထောက်​ညွှန်​မှူးဦးစီးအဖွဲ့သည်​အကျဉ်း​ထောင်းအတွင်း ​ရှောင်​တခင်​ရှာ​ဖွေ​ရေးပြုလုပ်​ခဲ့ရာ အကျဉ်းသားအိပ်​​ဆောင်​(၁)မှ အကျဉ်းသားတစ်​ဦးဝတ်​ဆင်​ထား​သော အနီ​ရောင်​အ​နွေးထည်​အင်္ကျီလက်​ရှည်​ရင်​ဘတ်​ဘက်​အတွင်းတွင်​​ ရွှေဟင်္သာ​ဆေးတိုက်​တံဆိပ်​ပါအစိမ်း​ရောင်​ အဖုံးခွံအုပ်​ထားသည့်​ ပလပ်​စတစ်​ဗူးငယ်​အတွင်း စက္ကူအထုပ်​အ​သေးများဖြင့်​ထုပ်​ထားသည့်​ဘိန်းဖြူ၂၈ထုပ်​၊စုစု​ပေါင်းအ​လေးချိန်​(၂.၂၄)ဂရမ်​ခန့်​​တွေ့ရှိသိမ်းဆည်းမိ​ကြောင်း က​လေးမြို့မရဲစခန်း​​ကြေးနန်းစာအရ သိရသည်​။


အကျဉ်းဦးစီးဌာန၊တာဝန်​ ရှိသူများသည်​ သက်ဆိုင်​ရာ​နယ်​​မြေစခန်းကြီးရဲကင်းစခန်းသို့ အ​ကြောင်းကြားလာခဲ့သဖြင့်​ သက်​​သေများနှင့်​အတူ သွား​ရောက်​ပြီး ၄င်းအကျဉ်းသားအား စစ်​​ဆေးရာ တစ်​အိပ်​​ဆောင်​တည်း​နေ အကျဉ်းသား(၂)ဦးတို့ထံမှ ရရှိ​ကြောင်း သိရှိရပြီး ဆက်​လက်​၍ ကွင်းဆက်​များကို စစ်​​ဆေး​ဖော်​ထုတ်​ရာ ၄င်းအကျဉ်းသားနှစ်​ဦးက ​ထောင်​ဝန်​ထမ်း ဒုတပ်​ကြပ်​တစ်​ဦးထံမှ ဝယ်​ယူခဲ့​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည်​။


အကျဉ်း​ထောင်​ဝန်​ထမ်းဒုတပ်​ကြပ်​အား စစ်​​ဆေး​ရာ ၁.၃.၂၀၁၇ရက်​​နေ့တွင်​ က​လေးအကျဉ်း​ထောင်​အတွင်းသို့၎င်းဝတ်​ဆင်​ထားသည့်​ အကျဉ်းဦးစီးတံဆိပ်​ပါ​တော​ဆောင်း​ပြောက်​ကျားဦးထုတ်​အတွင်းဘက်​ ချုပ်​ရိုးအတွင်း ဝှက်​သိမ်းယူ​ဆောင်​ကာ အိပ်​​ဆောင်​(၁)မိလ္လာတွင်​ ​တွေ့ရှိရသည့်​ အကျဉ်းသား(၂)ဦးထဲမှ တစ်​ဦးအား​ငွေ( ၃၀၀၀၀ိ/ ) ကျပ်​ဖြင့်​ ​ရောင်းချ​ပေးအပ်​ခဲ့​ကြောင်းစစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည်​ဟု ရဲ​ကြေးနန်းများအရ သိရသည်​။

မူးယစ်​​ဆေးဝါးများအား အကျဉ်း​ထောင်​အတွင်းသို့ တရားမဝင်​ယူ​ဆောင်​လက်​ဝယ်​ထားရှိသူ အကျဉ်းသား(၃)ဦးနှင့်​​ မော်​လိုက်​က​လေးအကျဉ်း​ထောင်​ဝန်​ထမ်းဒုတပ်​ကြပ်​တစ်​ဦးတို့အား မူးစိတ်​ပုဒ်​မ - ၁၅/၁၆(ဂ) / ၂၀(က)/၂၁ ဖြင့်​ ရဲအုပ်​ ထွန်းထွန်းလွင်​ မှတရားလိုပြုလုပ်​၍ အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ထားကြောင်း သိရသည်​။

စည်​သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
ထောင်ဝန်ထမ်းပါ ပါဝင်နေတဲ့ ထောင်တွင်း မူးယစ်ဆေးရောင်းချမှု ထောင်ဝန်ထမ်းပါ ပါဝင်နေတဲ့ ထောင်တွင်း မူးယစ်ဆေးရောင်းချမှု Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.