၉နှစ် အရွယ် မြေးမလေးကို မုဒိန်းကျူးလွန်တဲ့ ကိုရင်ကြီး ကို ထောင်ဒဏ်အနှစ် (၂ဝ) ချမှတ်
သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ်အနှစ် (၂ဝ) ချမှတ်
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စု ဆင်ချီတိုင်းကျေးရွာနေ ဦးကြည်လင်း (၄၅ နှစ်) သည် (၁၆-၇-၂၅ဝ၁၆) ရက်နေ့က သမီးဖြစ်သူ မယဉ်ယဉ်အေး ကိုးနှစ်၏ မိန်းမကိုယ်မှသွေးများထွက်နေသဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့ခဲ့သည်။
 သမီးဖြစ်သူ အား ချော့မော့မေးမြန်းရာ ရွာဦးကျောင်းတွင် ကိုရင်ကြီးဝတ်နေသော အဘိုးတော်စပ်သူ ဦးအေး(ခ) အရှင်အိန္တိက (၇၁ နှစ်) ထံ အလည်သွားရာ အဘိုးတော်သူမှ စမုံနက်ချောင်းသို့ ရေခပ်သွားရန် ခေါ်သွားပြီး ကန္တာရတောစပ်တွင် သားမယားအဖြစ်ပြုကျင့်ခံရကြောင်း ပြန်လည်ပြောကြားသည်။
 ဖခင်ဖြစ်သူ ဦးကြည်လင်းက တရားလိုပြုလုပ်၍ (၁၇-၇-၂ဝ၁၆) ရက်နေ့တွင် ရွှေတောင်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ ရွှေတောင်ရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။
ဦးတင့်လှိုင်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
၉နှစ် အရွယ် မြေးမလေးကို မုဒိန်းကျူးလွန်တဲ့ ကိုရင်ကြီး ကို ထောင်ဒဏ်အနှစ် (၂ဝ) ချမှတ် ၉နှစ် အရွယ် မြေးမလေးကို မုဒိန်းကျူးလွန်တဲ့ ကိုရင်ကြီး ကို ထောင်ဒဏ်အနှစ် (၂ဝ) ချမှတ် Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.