ကယ်လီဖိုးနီးယား၌ လေယာဉ်ပျက်ကျ၊ သုံးဦးထက်မနည်းသေဆုံး


လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၂၈

ကယ်လီဖိုးနီးယားတွင် ဖေဖော်ဝါရီ ၂၈ ရက်က ရေဗာဆိုက်ရှိ လူနေရပ်ကွက် သို့ လေယာဉ်ပျက်ကျခဲ့ရာ လူသုံးဦးထက် မနည်း သေဆုံးခဲ့ပြီး အခြားနှစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် တွင် ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်တွင် ဆန်ဂျိုဆေးမှ ဇနီးမောင်နှံစုံတွဲနှင့် ၄င်းတို့၏ ဆယ်ကျော် သက် ကလေးသုံးဦး လိုက်ပါလာကြောင်း သိရပြီး အိမ်အပြန်လမ်းတွင် ထိုသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

စက်စ်နာ ၃၁ဝ လေယာဉ်သည် လော့စ်အိန်ဂျလိစ်အရှေ့ဘက် ကီလိုမီတာ ၁ဝဝ အကွာ ရေဗာဆိုက်လေဆိပ်မှ ပျံသန်းထွက်ခွာလာခဲ့ပြီး သိပ်မကြာမီ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ် တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသ ဆိုင်ရာမီဒီယာများတွင် သတင်းဖော်ပြ ခဲ့သည်။

လေယာဉ်ပျက်ကျပြီး အစိတ်အပိုင်း များ လွင့်စဉ်ကျကာ လူနေရပ်ကွက်ရှိ အိမ်များကို မီးစွဲလောင်နေသည်ကို ဗွီဒီယို ထဲတွင် တွေ့ရသည်။

သေဆုံး သွားသူများထဲမှ တစ်ဦးမှာ လေယာဉ်ပျက်ကျရာ လူနေရပ်ကွက် မှ ဒေသခံတစ်ဦးဖြစ်မည်ဟု ခန့်မှန်းရ ကြောင်း၊ အခြားသေဆုံးသူများ မှာ လေယာဉ်ပျက်ကျမှုမှ သေဆုံးသူများ လော၊ သို့မဟုတ် လူနေရပ်ကွက် မှ ဒေသခံ များ သေဆုံးခြင်းလောဆိုသည်ကို အရာရှိ များက စိစစ် ဆဲဖြစ်ကြောင်း လော့စ်အိန် ဂျလိစ်တိုင်းမ်သတင်းစာတွင် ဖော်ပြ ထားသည်။

လေယာဉ်ပျက်ကျမှုကြောင့် လေးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက အစောပိုင်းတွင် ဖော်ပြ ခဲ့သည်။

(ဆင်ဟွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကယ်လီဖိုးနီးယား၌ လေယာဉ်ပျက်ကျ၊ သုံးဦးထက်မနည်းသေဆုံး ကယ်လီဖိုးနီးယား၌ လေယာဉ်ပျက်ကျ၊ သုံးဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.