ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ရက်ခြားပြီး မီးလောင်မှုဖြစ်ပွား


နေပြည်တော် မတ် ၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ဖေဖော်ဝါရီ ၂၇ ရက်က နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က နေအိမ်ခုနစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဘူးသီးတောင်မြို့နယ် မိကျောင်း ဈေးရွာသစ်ရပ်ကွက် (၁၃)၌ ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ မိနစ် ၅ဝက မဆိုဘီယာ၏ နေအိမ်၌ ဆီမီးခွက် မီးမှတစ်ဆင့် ဝါးထရံ ကို မီးကူးစက် လောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီခွဲတွင် မောင်တောမြို့နယ် နယ်မြေ(၂) လောင်းဘတ် ကျေးရွာနေ မဖာတေမာဟာတူ ၏ နေအိမ်မီးဖို မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု ကြောင့် နေအိမ်ခုနစ်လုံး မီးလောင် ခဲ့ရာ တန်ဖိုးငွေကျပ် ၁၄ဝဝဝဝ ခန့် ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ မဆိုဘီယာနှင့် မဖာတေ မာဟာတူတို့အား ရာဇသတ်ကြီးပုဒ်မ (၂၈၅) အရ မီးပေါ့ဆမှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ရက်ခြားပြီး မီးလောင်မှုဖြစ်ပွား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ရက်ခြားပြီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.