![]() |
ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မှတဆင့် နေအိမ်မီးလောင် လူတစ်ဦးသေဆုံး |
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မှတဆင့် အမှတ်(၃)ရပ်ကွက် နောင်ခမ်းတိုက်ရပ်၊ နောင်ခမ်းဘုန်းကြီးကျောင်းအနီးရှိ ဒေါ်နန်းအိုအွန်းနေအိမ် (၂)ထပ်တိုက် အား မတ်လ ၄ရက်နေ့ည(၇)နာရီအချိန်ခန့်က မီးလောင်ကျွမ်း ခဲ့ရာ အိမ်ရှင် ဒေါ်နန်းအိုအွန်း သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက်(၈၃)နှစ်ရှိ ဒေါ်နန်းအိုအွန်းသည် မတ်လ ၄ရက်ည(၇)နာရီအချိန်ခန့်က ဘုရားမီး ပူဇော်ပြီး ပုတီးစိပ်တရားထိုင်နေစဉ် ဘုရားစင်သို့မီးကူးစက်ကာ နေအိမ်အပေါ်ထပ်မီးလောင်ခဲ့ကြောင်း၊ မီးလောင်ရာသို့ ကျိုင်းတုံမြို့မှ မီးငြှိမ်းသတ်ယာဉ် (၄)စီးနှင့် မီးသတ်စက်ယာဉ်(၂)စီး၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ရာ (၁၉း၄၀)အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပတ်ဝန်းကျင်နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုမရှိကြောင်းသိရသည်။
မီးလောင်မှုကြောင့် မီးသတ်ဦးစီးဌာန၏ တန်ဖိုးတွက်ချက်မှုအရ နေအိမ်နှင့် ပစ္စည်းတန်ဖိုးမှာ (၅၃၀၀၀၀)ခန့်ရှိကြောင်းနှင့် အိမ်ရှင်ဒေါ်နန်းအိုအွန်းသေဆုံးမှုအပြင် အခြားပတ်ဝန်းကျင်မှ လူ၊တိရစ္ဆာန်များ ထိခိုက်မှုမရှိပါကြောင်း သိရှိရသည်။
ခိုင်ဇာ(ယောမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျိုင်းတုံမြို့တွင် မီးလောင်မှုဖြစ်ပွား အမျိုးသမီးတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
09:05
Rating:
