မင်းဘူးမြို့ အမှတ်(၁)အောင်မြေဈေးလေးလမ်း၌ မီးလောင်မှုဖြစ်ပွား


မင်းဘူး မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁) အောင်မြေဈေးလမ်း အိမ်းပိုင်ရှင် ဦးရဲအောင်ကျော်၏ နေအိမ်းတွင် မတ်လ ၃၁ရက်နေ့နံနက်(၉)နာရီအချိန်က နေအိမ်တွင်ခြင်ဆေးခွေထွန်းထားရာမှ အိပ်ယာ သို့ ကူးစက်ပြီးမီးလောင် ကျွမ်းမှုဖြစ်ပွဲခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မင်းဘူးမြို့အမှတ်(၁) အောင်မြေဈေးလမ်း အိမ်ပိုင်ရှင် ဦးရဲအောင်ကျော်၏ နေအိမ်တွင် ခြင်ဆေး ခွေ ထွန်းထားရာမှ အိပ်ယာသို့ ကူးစက်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွဲခဲ့ရာ (၁၅'x၁၅')နှစ်ခန်းတွဲ (သွပ်မိုး၊ ထရံကာ၊ မြေစိုက်)အိမ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုဖြစ်ပွာရာသို့ မင်းဘူးမြို့ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးငြှိမ်း သတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ၀ိုင်ဝန်းမီးငြှိမ်းသတ်ရာ နံနက်(၀၉း၂၀)မိနစ်တွင် မီးလုံးဝငြိမ်း သွားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲ(ပ)နံပါတ် ၇၄၂/၂၀၁၇ ပုမ်မ(၂၈၅)အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

မင်းဘူးခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မင်းဘူးမြို့ အမှတ်(၁)အောင်မြေဈေးလေးလမ်း၌ မီးလောင်မှုဖြစ်ပွား မင်းဘူးမြို့ အမှတ်(၁)အောင်မြေဈေးလေးလမ်း၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.