မတ် ၃၊ ၂၀၁၇
၂၀၁၇ ခုနှစ် မတ်လ ၁ ရက် ည ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် မောင်တောမြို့ ကျီးကန်းပြင် (တောင်) ရွာနေ ဆယ်အိမ်မှူးဟောင်း နူကာရင် ၃၅ နှစ် သည် မိသားစုနှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် အမည်မသိ လူ ၄ ဦး မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ပြန်လည် ရောက်ရှိခြင်းမရှိသည့်အတွက် ၎င်း၏ ဖခင်ဖြစ်သူ ဇာဖော့အာလောင်မှ လိုက်လံရှာဖွေခဲ့ရာ မတ်လ ၂ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် နူကာရင်အား ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာ လက်ဖျံ တံတောင်ဆစ် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲလက်မောင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်သန်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀ဲဘက်ဆီးခုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ခါးလယ်ထိုးသွင်းဒဏ်ရာ ၁ ချက် တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ပြင်ဖြူရဲစခန်းသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် သတင်းပို့တိုင်ကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက် စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ကျေးရွာဆယ်အိမ်မှူးဟောင်းတစ်ဦး အသတ်ခံရ
Reviewed by THITHTOOLWIN
on
16:02
Rating:
