လားရှိုးနဲ့ လောက်ကိုင်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေ ခေတ္တရပ် နားထားရကြောင်း မြစ်မခ သတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
လောက်ကိုင်မြို့အတွင်း မတ်လ (၆)ရက်၊ မနက် (၁)နာရီခွဲဝန်းကျင်ခန့်က လက်နက်ကိုင်တပ်ဖွဲ့နဲ့  တပ်မတော်တို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လားရှိုး-လောက်ကိုင် ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်တွေ ရပ်နားထားကာ၊ လားရှိုးမှ လောက်ကိုင်ကို သွားတဲ့ ကားတွေလည်း ချင်းရွှေဟော်ထိသာသွားခွင့်ရကြောင်း သိရပါတယ်။ “လောက်ကိုင်ကကားလည်း မထွက်လာရပါဘူး။ လားရှိုးကနေသွားမယ်ဆိုရင်လည်း ချင်းရွှေဟော်အထိပဲ သွား လို့ရပါတယ်။ ကားခတော့ အနည်းငယ်ဈေးတက်ပါတယ်။’’လို့ နယ်စပ်မန်းဂိတ်ပိုင် ဦးသားကြီးက ပြောပါတယ်။
လောက်ကိုင်မြို့လယ်ခေါင်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများအပြားသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရပါတယ်။
“မနက် တစ်နာရီခွဲလောက်ကနေစပြီး သေနတ်သံတွေကြားနေရတာပါ။ လက်နက်ကြီးသံလည်း ကြားရပါတယ်။ ရန်လုံကျိုင်းလောက်မှာဖြစ်နေတယ်လို့ ထင်မိပါတယ်။’’လို့ လောက်ကိုင်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မဇာခြည်နွေးက ပြောပါတယ်။
လောက်ကိုင်ဒေသမှာ( ၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ပြည်သူ (၄၀၀၀၀)ကျော်မှာ စစ်ဘေးဒဏ်ခံခဲ့ရကြောင်း သိရပါတယ်။ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
လားရှိုး-လောက်ကိုင်ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများ ရပ်နား
Reviewed by THITHTOOLWIN
on
16:20
Rating:
