ဆီးခုံခြင်းဆက် အမွှာကလေး အနက်အကြီးဆုံးက လေး မောင်ဝေယံငြိမ်းမှာ သေဆုံးသွားခဲ့


မန္တလေးမြို့ ခုတင် ၅၅၀-ဆံ့ကလေးဆေးရုံတွင် ၁၄ လ အကြာ တက်ရောက်ဆေးကုသမူ ခံယူနေသည့် ဆီးခုံခြင်းဆက် အမွှာကလေးများအား မတ်လ ၂၃ ရက် နေ့တွင် တစ်ဦးခြင်းဆီဖြစ်အောင် ခွဲစိတ်နိုင် ခဲ့ ပြီး ၎င်း တို့ အနက် အကြီးဆုံး ဖြစ်သူ မောင်ဝေယံ ငြိမ်း မှာ မတ်လ ၂၅ ရက် မွန်လွဲ ၂ နာရီ ခန့် တွင် သေဆုံးသွားကြောင်း သိရှိရသည်။
"ဆရာဝန်ကြီးတွေကလည် ဂရုတစိုက်ကုသပေးနေ တဲ့ကြားထဲက အခုလိုဖြစ်သွားတာ သူရဲ့ ကံက ဒီ လောက်ပဲပါတယ်လိုထင်ပါတယ် ဆရာဝန်ကြီးတွေ ဝမ်းနည်းနေတဲ့ကြားက ကျန်ခဲ့တဲ့ သားငယ်လေး ကို ပိုချစ်ပြီး ပိုဂရုစိုက်ပေးကြမယ်လို လာပြီးအားပေး ကြပါတယ်" ဟု ကလေး၏ မိခင်ဖြစ်သူ ဒေါ်မာလာ စန်းကပြောသည်။
အဆိုပါသေဆုံးသွားသည့် မောင်ဝေယံငြိမ်းကို မတ် လ ၂၆ ရက် မွန်လွဲပိုင်းတွင် အေးရိပ်ငြိမ်းသုသန်သို့ သွားရောက်ပို့ဆောင် သင်္ဂြိုလ် ပေးခဲ့ပြီး လက်ရှိတွင် ကျန်ရှိနေသော အငယ်ဆုံးကလေး ဖြစ် သည့် မောင်ဝေယံဟိန်းမှာ ကျန်မားရေအခြေနေကောင်းမွန် လျှက်ရှိပြီး ရေစတင်သောက်နေပြီးဖြစ်ကြောင်း သိရ သည်။
ယင်းကဲ့သို့ ဆီးခုံခြင်းဆက်ကလေးငယ် ကို တစ်ဦးစီဖြစ်စေရန် ၁၄-နာရီ ၃၅-မီနစ်ကြာခွဲစိတ်ခဲ့ပြီး ခွဲစိတ်ခန်းမှ ထိုည ၁၀-နာရီခွဲတွင် အထူးကုသကြပ်မတ်ဆောင်သို့ ရွှေ့ပြောင်းပေး ခဲ့ခြင်း ဖြစ်ကြောင်း မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် အထူးကုဆရာဝန်ကြီး(ခွဲစိတ်) တွဲဖက်ပါမောက္ခဒေါက်တာမောင်မောင်လွင်ကပြော
ကြား ခဲ့သည်။
“အရေးကြီးဆုံးဖြစ်တဲ့ တစ်ဦးချင်းစီခွဲစိပ်မှုပြီးသွား ပေမဲ့ အူမကြီးကတစ်ချောင်းထဲပါတော့ လိုသလို ခွဲစိပ်ပြီး ခွဲတမ်းချပေးခဲ့တယ်။ပုံမှန်စအိုဝက ၀မ်းသွားနိုင်အောင် တစ်ယောက်ချင်းစီ ခွဲစိပ်ပေးရမှာက အနည်းဆုံး၂-လခြာပြီးမှခွဲစိပ်ပေးရမယ်။ စအိုဝဖေါက်ပြီးသွား ရင်လည်း ယာယီအလုပ်လုပ်နေရတဲ့ အူမကြီးလမ်းကြောင်း လွှဲထားတာတွေ ပြန်ကောင်းရင် ပြန်ပိတ်ပေး ရအုံးမယ်။မေဂျာ ၂-ဆင့် ၃-ဆင့် လုပ်ပေးဖို့ကျန်သေးတယ်။ နောက်ထပ် ၅-လလောက် ဆေးရုံမှာ ပြုစုစောင့် ရှောက်ပေးရအုံးမယ်။”ဟု ၄င်းကဆက်လက်ပြောသည်။
ဆက်လုပ်ဆောင်ရမည့် ခွဲစိတ်မှုများတွင် အရေးကြီးပြီး ကလေးငယ်များ၏ ဝှေးစေ့မှာ ပေါင်းခြံ အတွင်း သားတွင် ရှိနေသဖြင့် နေရာမှန်ရောက်အောင် ခွဲစိတ်ပေးရမှာဖြစ်ကြောင်း၊တစ်ဦး၏ ဝှေးစေ့ ၂-ခုကို ကပ်ပယ်အိတ်နေရာ၌ တခါ တည်းနေရာချပေးနိုင်သော်လည်းတစ်ဦးတွင် တစ်လုံးတည်းသာ နေရာပေး နိုင်သေးသဖြင့် ၄င်းအတွက် ခွဲစိတ်ကုသမှုဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်းအဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ယင်းကဲ့သို့ မောင်ဝေယံငြိမ်း သေဆုံးမူနှင်ပါတ်သက်
၍ အကြောင်းအရာ အပြည့်အစုံ သိရှိနိုင်ရန် အဆိုပါ ဆေးရုံကြီးသို့သွားရောက် မေးမြန်းရာတွင် ဆေးရုံ အုပ်ကြီးမှ လာမည့် မတ်လ ၂၈ ရက်နေတွင် ပြန် လည် လာရောက်တွေ့ဆုံရန် ပြောကြား ထား ကြောင်းယင်းဆေးရုံမှ တာဝန် ရှိသူတစ်က ဖြေကြားပေးခဲ့သည်။

မင်းထက်အောင် ( မန်းကိုယ်ပွား )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆီးခုံခြင်းဆက် အမွှာကလေး အနက်အကြီးဆုံးက လေး မောင်ဝေယံငြိမ်းမှာ သေဆုံးသွားခဲ့ ဆီးခုံခြင်းဆက် အမွှာကလေး အနက်အကြီးဆုံးက လေး မောင်ဝေယံငြိမ်းမှာ သေဆုံးသွားခဲ့ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.