ရေတာရှည် မတ်
ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်၊ မြို့လှမြို့မြောက်ဖက်(၁)မိုင်ခန့်အကွာ သဲဖြူကျေးရွာ အနီး၌ မတ်လ(၁)ရက်နေ့ နံနက်(၁၂)နာရီ(၁ဝ)မိနစ်အချိန်ခန့် ယာဉ်နောက်လိုက်မောင်းနှင်လာသော (၂၂)ဘီးကုန်တင်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ရာက ကားလမ်းဘေးချောက်ထဲသို့ထိုးကျတိမ်းမှောက် သွားခဲ့ကြောင်းသိရသည်။
မြို့လှနယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ် သန်းဝင်း နှင့်အဖွဲ့ကသွားရောက်စစ် ဆေးခဲ့ရာတွင် ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ သကြားအိပ်များတင်ဆောင်၍ ဇေယျာနိုင်(၂၆)နှစ်၊(ယာဉ်နောက်လိုက်)ပြည်တော်သာရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့နေသူမောင်းနှင် ပြီး ကိုစိုးလွင်(၄၂)နှစ်၊(ယာဉ်မောင်း) သာယာအေးရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့နေသူ လိုက်ပါ လာသည့် နီဆန်း(၂၂)ဘီးကုန်တင်ယာဉ်သည် မိုင်တိုင် ၂၁၂/၆ နှင့် ၂၁၂/၇ အကြား အခင်းဖြစ်နေရာ အရောက် အိပ်ငိုက်သွားရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး လူထိခိုက် ဒါဏ်ရာရရှိခဲ့ခြင်းမရှိ၍ မြို့လှနယ်မြေရဲစခန်းက ယာဉ်(ပ)၅/၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့်အမှု ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်နောက်လိုက်မောင်းနှင်သည့်(၂၂)ဘီးကုန်တင်ယာဉ် အိပ်ငိုက်ရာမှ ချောင်ထဲ ထိုးကျတိမ်းမှောက်
Reviewed by THITHTOOLWIN
on
20:03
Rating:
