အိမ်ကျော်နင်းမှုခံရသည့် မိသားစုကို မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းက သာသနာညိုးနွမ်းစေမှုဖြင့်တရားပြန်စွဲ
မတ်၊ ၅ ၊ ရန်ကုန်
ရွှေပြည်သာမြို့နယ်၂၀/၄၅၊ အနောက်သံဒင်းရွာဟောင်း တွင် ၁၅.၂.၂၀၁၇ ရက်နေ နံနက် (၂)နာရီတွင် အိမ်ကျော်နင်းမှုခံရသည့် မိသားစုကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း ဥက္ကဠ ဦးတင့်လွင်က သာသနာညိုးနွမ်းစေမှု ဖြင့်ပြန်လည်တရားစွဲဆိုထားကြောင်းသိရသည်။
၁၅.၂.၂၀၁၇ ရက်နေ့ ည(၂)နာရီ တွင် ဒေါ်မြမြအေး တို့နေအိမ်ကို ကျူးကျော်ဝင်ရောက်ပြီး သမီးဖြစ်သူ ဘေးတွင် ၀င်ရောက်အိပ်ခဲ့သော အသက်(၁၅)နှစ်အရွယ် မောင်မောင်အေး(ရှင်အိန္ဒြာစရိယ)ကို မိသားစုနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။
အိမ်ရှင်များဘက်မှတရား စွဲဆိုရာတွင် ပြစ်မှုထင်ရှားသဖြင့် ၂၀.၂.၂၀၁၇ ရက်နေ့တွင် တရားသူကြီးဒေါ်မို့မို့အေးက ပြစ်ဒဏ်ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။
ထိုဖြစ်စဉ်တွင် တရားခံ မောင်မောင်အေး အားဝိုင်းဝန်းဖမ်းဆီးပေးသော ရပ်ကွက်သူ ရပ်ကွက်သားများနှင့် အိမ်ရှင်မိသားစု ကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း ဥက္ကဠ ဦးတင့်လွင်က သာသနာညှိုးနွမ်းစေမှု အပါအ၀င် အခြားသောပုဒ်မ (၅)ခုဖြင့်တရားစွဲဆိုထားသည်ဟု အိမ်ရှင် မိသားစုကပြောသည်။
တရားစွဲဆိုခံရသည့် မိသားစုက မတ် ၅ ရက်နေ့က ရွှေပြည်သာမြို့နယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ထိုသို့တရားစွဲဆိုခံရခြင်းအပေါ်”အခုကဘယ်လိုလဲဆိုတော့ ကျွန်မတို့ဘက်ကလည်းခံရသေးတယ် ကျွန်မတို့လည်း တရားစွဲခံရသေးတယ် အဲလိုတွေဖြစ်နေတယ်“ ဟုအိမ်ရှင် ဒေါ်မြမြအေးကပြောသည်။
ယင်းဖြစ်စဉ် မတိုင်မီ ၁၀.၂.၂၀၁၇ ရက်နေ့ ည(၂)နာရီ တွင် ဒေါ်မြမြအေး တို့၏ ခေါင်းရင်းအိမ်ကို အလားတူကျူးကျော် ၀င်ရောက်မှုဖြစ်ခဲ့ပြီးကျူးကျော်ဝင်ရောက်သူသည် အိမ်နောက်ဖေး ချောင်းထဲသို့ခုန်ချ ထွက်ပြေးလွတ်မြောက် သွားသည်ဟု ယင်းနေ့ရက်က ကျူးကျော်ဝင်ရောက်ခံရသော အိမ်ရှင် ဒေါ်တင်မိုးခိုင် ကပြောသည်။
သန့်ဇင်ထွန်း(Social Watch)
Central News Myanmar
https://www.facebook.com/CNMyanmar/
အိမ်ကျော်နင်းမှုခံရသည့် မိသားစုကို မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းက သာသနာညိုးနွမ်းစေမှုဖြင့်တရားပြန်စွဲ
Reviewed by THITHTOOLWIN
on
16:03
Rating:
