မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ


၂၀၁၇ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ကျန်စစ်သားလမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်ဖြင့် ပစ်သတ်ခံရကာ ဦးခေါင်းကျည်ဆန်ဒဏ်ရာဖြင့် သေဆုံးသွား ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက်၊ ၇၁×၇၂ လမ်းကြား ညာဘက်ခြမ်းတွင် ဆိုင်ကယ်ကယ်ရီသမား တဦးမှာ Dayang CZI-125 ဆိုင်ကယ် ယာဉ်အမှတ် ၅၁ဃ/၈၇၅၂၈ ဆိုက်ကယ်အား ကျန်စစ်သားလမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် ၇၁ လမ်းနှင့် ၇၂ လမ်းအကြား အရောက် လမ်းညာဘက်အခြမ်းသို့ ထိုးကျသွားခဲ့ပြီး မောင်းနှင်သူသေဆုံးခဲ့ရာ မဟာဟိတကာရီ လူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

မန္တလေးဆေးရုံကြီးက သေဆုံးသူအလောင်းကို PR (17/2017) ဖြင့် လက်ခံစစ် ဆေးခဲ့ရာ သေဆုံးသူအမည်မှာ ရဲဝင်းဖြစ်ပြီး နဖူးတွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ခွဲစိတ်စစ်ဆေး ချက်အရ ဦးခေါင်းအတွင်းမှ ကြေးရောင်ကျည်ဆံထိပ်ဖူး အလျား (၂ . ၇) စင်တီမီတာ၊ အကျယ်(၀.၅) စင်တီမီ တာခန့်ရှိ ကြေးရောင် ကျည်ဆံထိပ်ဖူး တခုအား တွေ့ရှိခဲ့ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ) ၂၀၇ / ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/
မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 05:06 Rating: 5
Powered by Blogger.