မာဒါဂတ်စကာကျွန်းစုတွင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ(၅)ဦးခန့် သေဆုံး
အရှေ့အာဖရိနိုင်ငံ တစ်ခုဖြစ်သော မာဒါဂတ်စကာ ကျွန်းစုနိုင်ငံတွင် မတ်လ(၈) ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ(၅) ဦးခန့်သေဆုံးသွားခဲ့ကြောင်း Reuter သတင်းဌာနက ရေးသား ဖော်ပြသွားခဲ့သည်။
အန်နာဝူဟု အမည်ပေးထားသော ၎င်းဆိုင်ကလုန်းမုန်တိုင်းမှာ အားပြင်းထန်သော မုန်တိုင်း အမျိုးအစား တစ်ခုဖြစ်ပြီး တစ်နာရီ (၁၈၅) မုန်နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အန်နာဝူမုန်တိုင်းကြောင့် မာဒါဂတ်စကာ မြောက်ပိုင်း အန်တာလာဟာ ဒေသတွင် ဆက်သွယ်သွားလာရေး လမ်းကြောင်းများ ပြတ်တောက်ကာ တယ်လီဖုန်းလိုင်းများ၊ လျှပ်စစ်မီးပြတ်တောက်မှုတို့ဖြင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
မြေပြိုကျမှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး အန်တာလာဟာ ဒေသမှ တစ်ဆင့် အန်တာနာနာရီဗိုမြို့တော်သို့ တစ်နာရီ မိုင်(၁၀၀) နှုန်းဖြင့် ရွေ့ပြောင်းတိုက်ခတ်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မာဒါဂတ်စကာဝန်ကြီးချုပ် အိုလီဗီယာက အစိုးရ၀န်ထမ်းများနှင့် ကုမ္မဏီဝန်ထမ်းများအားလုံးကို အလုပ်သို့ မသွားစေပဲ လုံခြုံမှုရှိစေရန် နေအိမ်၌သာ နေထိုင်သွားရန် ညွှန်ကြား သွားခဲ့သည်။
မာဒါဂတ်စတာ၏ အိန္ဒိယသမုဒ္ဒရာဖြင့် နီးကပ်လျက်ရှိသော ကမ်းခြေဒေသများတွင် နေထိုင်သည့် ဒေသခံများမှာ ရေကြီးရေလျှံမှုများဖြင့် စတင်ရင်ဆိုင်နေရပြီ ဖြစ်ကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့အစည်းက ကမ်းခြေဒေသတစ်လျှောက် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေခဲ့ပြီး၊ မာဒါဂတ်စကာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့က အန်နာဝူမုန်တိုင်းကြောင့် ဒေသခံ (၇) ဦးအထိ ဒဏ်ရာ ရရှိခဲ့ပြီး (၅) ဦးသေဆုံးသွားခဲ့ကြောင်း အတည်ပြု ထုတ်ပြန်သွားခဲ့သည်။
ဝန်ကြီးချုပ် အိုလီဗီယာက “ကျွန်တော်တို့ရဲ့နိုင်ငံ သားတွေအတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အားလုံး အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်၊ သဘာဝဘေးဒဏ်သင့် အခြေအနေတစ်ရပ်အဖြစ်လည်း စတင်သတ်မှတ်ကြေညာခဲ့ပြီးပါပြီ” ဟု ပြောကြားသွားခဲ့သည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မာဒါဂတ်စကာကျွန်းစုတွင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ(၅)ဦးခန့် သေဆုံး
Reviewed by THITHTOOLWIN
on
16:30
Rating:
