မန္တလေးတွင်ဖြစ်ပွားခဲ့သည့် အိမ်အကူမိန်းကလေး နှိပ်စက်ခံရမှုကို လူအခွင့်အရေးကော်မရှင်သို့ တိုင်ကြားမည်


မန္တလေး၊ အမရပူရမြို့နယ်၊ ထန်းတောရပ်တွင် ၁၄-နှစ်အရွယ် အမျိုးသမီးငယ်တဦးကို ညှဉ်းပန်းနှိပ် စက်ခဲ့သူ ဇနီးမောင်နှံအား လူ့အခွင့်အရေးကော်မရှင်သို့ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုနိုင်ရဲဝေက ပြောသည်။

“လူသားအချင်းချင်းနှိပ်စက်တာကြောင့် လူ့အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်တာပါ။ ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်ကို စာနဲ့တိုင်ကြားမှာဖြစ်သလို တဆင့်တိုးပြီးတော့ လူကိုယ်တိုင်လည်း သွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

အမရပူရဲစခန်းက (ပ) ၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ဥပဒေအကြံပေး တောင်းခံထားကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှလည်း ယင်းကိစ္စအပေါ် တရားစွဲဆိုရန် အစီအစဉ်ရှိ ကြောင်း ကူညီသူများထံမှ သိရသည်။


နှိပ်စက်ခံရသူ မအေးကျင်ကပြောကြားရာတွင်“ဆံပင်ဆွဲပြီး နံရံနဲ့ ဆောင့်တယ်။ နှိပ်စက်ခံရတာကို လျှောက်မပြောရဘူးတဲ့။ တာရာဖိနပ် နဲ့လည်း ရိုက်တယ်။ မျက်နှာကို အ၀တ်နဲ့အုပ်ပြီး ရေစုပ်စက်က ရေပိုက်နဲ့ထိုးတယ်။ လက်နဲ့ မျက်ခွံတွေကိုလည်း အပ်နဲ့ ထိုးတယ်”ဟု ပြောသည်။

ရဲစခန်းမှတ်တမ်းအရ ထန်းတောရွာတွင် အိမ်ငှားနေထိုင်သူ ဦးနိုင်အောင်(ခ)အားချိုင်နှင့် ဇနီးတို့သည် အိမ်ဖော်မိန်းကလေးဖြစ်သူ မအေးကျင်အား ညှဉ်းပန်းနှိပ်စက်နေကြောင်း စခန်းသို့ တိုင်ကြောင်းကြားသဖြင့် သွားရောက်ခဲ့ကာ မအေးကျင်အား စခန်းသို့ခေါ်ဆောင်ခဲ့စစ်ဆေးခဲ့ရာ သူမ၏ခန္ဓာကိုပေါ်၌ နှိပ်စက်ခံထားရသော ဒဏ်ရာများတွေ့ရှိကြောင်း ပါရှိသည်။

ခိုင်ဆက်ဝေ
News Watch
https://www.facebook.com/NewsWatchJournal/
မန္တလေးတွင်ဖြစ်ပွားခဲ့သည့် အိမ်အကူမိန်းကလေး နှိပ်စက်ခံရမှုကို လူအခွင့်အရေးကော်မရှင်သို့ တိုင်ကြားမည် မန္တလေးတွင်ဖြစ်ပွားခဲ့သည့် အိမ်အကူမိန်းကလေး နှိပ်စက်ခံရမှုကို လူအခွင့်အရေးကော်မရှင်သို့ တိုင်ကြားမည် Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.