နေပြည်တော် မတ် ၃
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၇၄/ဝ-၁)ကြားတွင် မတ် ၂ ရက် ညနေ ၆ နာရီခွဲက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း အရ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာနေ စောကူထူး(၄၃ နှစ်)မောင်းနှင်လာသော 8M/---- LIGHT TRUCKယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူများအနက် လှည်းကူးမြို့နယ်နေ ဦးဌေးလွင်(၅၁ နှစ်) ပါ လူ ၂ဝ တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မောင်း စောကူထူးကို အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းက အရေးယူထားကြောင်း သိရသည်။
ကိုရဲ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် လိုက်ထရပ်ယာဉ် တိမ်းမှောက်၍ လူ ၂ဝ ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
19:11
Rating:
