အသက်၂ နှစ်ခန့်အရွယ်ကလေးငယ် အင်းစိန်မြို့နယ်တွင် စွန့်ပစ်ခံရ


ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စဥ့်ငူရက်ကွက် အောင်ဆန်းစက်မှုလက်မှုကျောင်းဝင်းပန်းခြံအတွင်း၌ မတ် ၇ ရက် နေ့လယ်ပိုင်းက အသက် ၂ နှစ်အရွယ်ခန့်ရှိ ကလေးငယ်တဦးအား လာရောက်စွန့်ပစ်ခဲ့ကြာင်း သိရသည်။

အဆိုပါကလေးငယ်သည် နံနက်ပိုင်းတွင် မိခင်ဖြစ်သူနှင့်အတူရှိနေပြီး နေ့ခင်းပိုင်းတွင်မှ မိခင်မှာအမျိုးသားတဦးနှင့်ထွက်သွား၍ ကလေးငယ်အား ပစ်ထားခဲ့သည်ဟု မျက်မြင်သက်သေများကပြောသည်။ လက်ရှိတွင် ကလေးငယ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရသည်။

ကိုခက်
News Watch
https://www.facebook.com/NewsWatchJournal/
အသက်၂ နှစ်ခန့်အရွယ်ကလေးငယ် အင်းစိန်မြို့နယ်တွင် စွန့်ပစ်ခံရ အသက်၂ နှစ်ခန့်အရွယ်ကလေးငယ် အင်းစိန်မြို့နယ်တွင် စွန့်ပစ်ခံရ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.