ကနီမြို့ နယ် ​ဇီးဖြူ ကုန်းရွာ အ​နောက်​ဘက် ဖရဲခင်းထဲမှာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးတွေ့ ရှိ


ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ (၇.၃.၂၀၁၇)ရက်​​နေ့ နံနက်​(၈း၀၀)အချိန်​က စစ်ကိုင်းတိုင်း ကနီမြို့ နယ်​ ဇီးဖြူကုန်းရွာ အ​နောက်​ဘက် ​(၂)ဖာလုံခန့်​အကွာမှာ တရုတ်​လူမျိုးများ စိုက်​ပျိုးထား​သော ဖရဲခင်းထဲမှာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးငယ်တစ်ဦး တွေ့ ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကလေးငယ်အား ဇီးဖြူ ကုန်း​ကျေးရွာ​နေ ဖခင်​ ဦး​ကျော်​ဆန်း၊ မိခင် ​ဒေါ်ကိုင်း​ဌေးတို့၏ သား ကို​ကျော်​ရဲထွန်းမှ ​မွေးကင်းစအရွယ်​ ချက်​ကြိုးတန်းလန်းနှင့် သမီးငယ်​​ကို ​တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မွေးကင်းစ ကလေးငယ်အား ဘုတလင်​မြို့ နယ်​၊ သခွတ္တနယ်​​ဆေးရုံသို့ သွား​ရောက်​ပြ သ ချက်​ကြိုးဖြတ်​ခဲ့ပြီး မတ်လ ၇  ရက်နေ့ နေ့လည်​(၃း၃၀)က ကနီ​ဆေးရုံသို့ ပြန်​လည်​​ခေါ်​ဆောင်​ခဲ့ပါသည်​။


 သမီးငယ်ေ​လးအား​​ မွေစားမည့်သူမှာ ကနီမြို့ နယ်​၊ ဇီးဖြူ ကုန်းရွာ​နေ ဖရဲခင်းထဲမှ က​လေးငယ်​ကို ​တွေ့ ရှိခဲ့သူ ကို​ကျော်​ရဲ​ထွန်း​နှင့် ဇနီးမစန်းစန်းဝင်းတို့မှ ​မွေးစားမည်​ဟု သိရပါသည်​။ ၄င်းဇနီး​မောင်​နှံတွင်​ (၃)လသားအရွယ်​ သားငယ်​​လေး တစ်​ဦးရှိပါသည်​။ ယခုကနီမြို့ ပြည်​သူ့​ဆေးရုံတွင်​ ကျန်းမာစွာဖြင့် ဖရဲခင်းထဲမှ​တွေ့ ရှိခဲ့​သော သမီး​လေး ​ရောက်​ရှိ​နေပါသည်​။

သတင်း - ဓါတ်ပုံ ။ ။ Pyae Aung Naing Kani
by သစ်ထူးလွင်

ကနီမြို့ နယ် ​ဇီးဖြူ ကုန်းရွာ အ​နောက်​ဘက် ဖရဲခင်းထဲမှာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးတွေ့ ရှိ ကနီမြို့ နယ် ​ဇီးဖြူ ကုန်းရွာ အ​နောက်​ဘက် ဖရဲခင်းထဲမှာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးတွေ့ ရှိ Reviewed by THITHTOOLWIN on 05:26 Rating: 5
Powered by Blogger.