နောင်ယားကန်အတွင်း လူတစ်ဦးရေနစ်သေဆုံး


မတ်လ ၉ ရက်နေ့က လွိုင်ကော်မြို့ နောင်ယားကန်ထဲတွင် လူတစ်ဦးရေနစ်သေဆုံးနေကြောင်း လွိုင်ကော်မြို့နယ် ရဲစခန်းမှသိရသည်။

သေဆုံးသူကို နောင်ယားကန်တံတားအနီး ရေစပ်တွင် မှောက်လျက်အနေအထားဖြင့် တွေ့ရှိရာ ဆယ်ယူစစ်ဆေးကြည့်ခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

သေဆုံးသူ၏ ခြေဖျားလက်ဖျားများတွင် ပဲကြီးခွံကဲ့သို့ ပွနေပြီး ပြင်ပဒဏ်ရာမတွေ့ရကြောင်း သိရသည်။ သေဆုံးသူမှာ နောင်ယား(ခ) ရပ်ကွက်နေ ဟာဆဲ ဆိုသူဖြစ်ပြီး နောင်ယားကန်ထဲတွင် မကြာခဏ ရေးဆင်းကူးတတ်သူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူကို လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးစေကြောင်းသိရသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes
နောင်ယားကန်အတွင်း လူတစ်ဦးရေနစ်သေဆုံး နောင်ယားကန်အတွင်း လူတစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.