အမျိုးသားတစ်ဦး ရထားပေါ် ခုန်တက်ရာ ချေချော်ပြုတ်ကျ ရထားကြိတ်မိသေဆုံး


မိုးကောင်း၊ မတ်လ ၃၁

မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်တွင် ယနေ့မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦးရထား ပေါ်ခုန်တက်ရာခေချော်ပြုတ်ကျပြီးရထားကြိတ်မိသေ ဆုံးခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ ကျော်ဇင်ဦး အသက်(၂၄)နှစ်ဆိုသူဖြစ်ပြီး မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။


၎င်းသည် မိုင်တိုင်အမှတ်(၆၈၅/၁၇)နှင့် (၆၈၅/၁၈)ကြားတွင် နွားကျောင်းနေရာမှ နန့်စီးအောင်မှ မြစ်ကြီးနားသို့ ခုတ်မောင်း လာသည့် APT မိုင်းရှင်းရထား၏ တတိယ တွဲပေါ်သို့ ခုန်တက်ခဲ့ရာ ခြေချော်ပြုတ်ကျပြီး ရထားကြိတ်မိ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစ ခန်းမှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းထွန်းဇော် မင်းရာဇာ(မြစ်ကြီးနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမျိုးသားတစ်ဦး ရထားပေါ် ခုန်တက်ရာ ချေချော်ပြုတ်ကျ ရထားကြိတ်မိသေဆုံး အမျိုးသားတစ်ဦး ရထားပေါ် ခုန်တက်ရာ ချေချော်ပြုတ်ကျ ရထားကြိတ်မိသေဆုံး Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.