![]() |
မွန်ပြည်နယ်က မော်လမြိုင်- ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်မပေးဖို့ မတ်လ ၂ ရက်နေ့က ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာမှာ ဒေသခံ သုံးထောင်လောက်က ဆန္ဒဖော်ထုတ်စဉ်။ Photo: Kyaw Lwin Oo/RFA |
အဲဒီအဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပြီး အတည်ပြုလိုက်ရင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပျက်သွားနိုင်တာကြောင့် ပယ်ဖျက်ဖို့တောင်းဆိုတာလို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
အဲဒီ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က ပြည်သူ့လွှတ်တော်မှာ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုထားပါတယ်။
ဆန္ဒပြသူတွေက အခုလို ကန့်ကွက်နေတာဟာ ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားလို့မဟုတ်ဘဲ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ ဌာနေတိုင်းရင်းသား သဘောထားကို အသိအမှတ်ပြုစေချင်တာကြောင့် ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သံလွင်မြစ်ကို ဖြတ်ပြီး မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ကနေ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာအထိ တည်ဆောက်ထားတဲ့ အဲဒီတံတားဟာ အရှည်ပေ ၅ ထောင်ကျော်ရှိပြီး အလျား ၂၈ ပေရှိပါတယ်။
အရင်က အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် နာမည်ပေးပြီး ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကန့်ကွက် တာကြောင့် ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
အဲဒီတံတားကို လာမယ့် ဧပြီလ ၉ ရက်နေ့မှာ ဖွင့်လှစ်ဖို့လျာထားတယ်လို့ တံတားတည်ဆောက်ရေး အဖွဲ့ကနေသိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ချောင်းဆုံတံတားကို ဗိုလ်ချုပ်အမည်မပေးဖို့ တောင်းဆို
Reviewed by THITHTOOLWIN
on
19:28
Rating:
